မျက်နှာနဲ့လက်က အသားခြောက်တာမျိုး သိပ်မဖြစ်ပေမယ့် ခြေထောက်ပဲ အသားခြောက်နေတာမျိုး ဖြစ်တဲ့သူတွေ ရှိမှာပါ။ ဒါက မျက်နှာနဲ့လက်ကို Skincare တွေ Lotion တွေလိမ်းပြီး ခြေထောက်ကို ဂရုမစိုက်လို့လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ခြေထောက်အသားအရေ ခြောက်သွေ့တာ သက်သာပြီး အသားအရေစိုပြည်လာဖို့ဆိုရင် ပုံမှန်လုပ်ပေးရမယ့်အရာက ၄ ခုပဲရှိပါတယ်။
Scrub တိုက်ပါ
Scrub တိုက်ပေးတာက အသားအရေချောမွေ့ပြီး ကြည်လင်လာစေဖို့ အထောက်အကူပြုပါတယ်။ ကိုယ်လိမ်းမယ့် Skincare တွေ Lotion တွေရဲ့ Effect ကိုလည်း ပိုမိုထိရောက်စေပါတယ်။ ဒါကြောင့် တစ်ပတ်ကို ၁ ကြိမ်၊ ၂ ကြိမ်လောက် ပုံမှန် Scrub တိုက်ပေးပါ။
Lotion လိမ်းပါ
လက်ကို အမြဲတမ်း Lotion လိမ်းပေမယ့် ခြေထောက်ကိုတော့ မလိမ်းပဲပစ်ထားမိတယ်ဆိုရင် အခုကစပြီး လိမ်းတော့နော်။ ခြေထောက်ကိုလည်း မနက်၊ ည Lotion သေချာလိမ်းပေးပါ။ အစိုဓာတ်ကောင်းကောင်းပေးနိုင်တဲ့ Lotion လိမ်းပါ။
Body Oil လိမ်းပါ
အသားအရမ်းခြောက်နေတာဆိုရင် Lotion ထဲမှာ Body Oil ထည့်လိမ်းတာပဲဖြစ်ဖြစ်၊ Body Oil သီးသန့်လိမ်းတာပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။ အသားအရေ သိသိသာသာ စိုပြည်ပြီး Glow လာပါလိမ့်မယ်။
Shower Gel ပြောင်းသုံးပါ
ကိုယ်သုံးနေတဲ့ဆပ်ပြာနဲ့ Shower Gel ကြောင့်လည်း အသားအရေပိုခြောက်သွေ့တာမျိုး ဖြစ်စေပါတယ်။ ဒါကြောင့် အသားခြောက်တာအတွက် ထုတ်ထားတဲ့ Shower Gel ကို ပြောင်းသုံးပေးမယ်ဆိုရင် အသားခြောက်တာ သက်သာသွားပါလိမ့်မယ်။