ခန္ဓာကိုယ်၊ လက်နဲ့ခြေထောက်မှာ အမာရွတ်တွေရှိလို့ စိတ်ညစ်နေတဲ့သူတွေအတွက် အမာရွတ်တွေ သက်သာပျောက်ကင်းစေဖို့ ပုံမှန်လုပ်ပေးရမယ့်အချက် ၄ ချက်ကို မျှဝေပေးလိုက်ပါတယ်။ စိတ်ရှည်ရှည်နဲ့သာ ပုံမှန်လုပ်ပေးသွားမယ်ဆိုရင် သိသာတဲ့ Result ကို ရရှိမှာသေချာပါတယ်။

Scrub တိုက်ပါ

Scrub ပုံမှန်တိုက်ပေးခြင်းက အမာရွတ်တွေမှေးမှိန်ပြီး ပါးလာစေပါတယ်။ ပုံမှန်သာစွဲလုပ်ပေးရင် လအနည်းငယ်အတွင်းမှာ သိသာတဲ့ Result ကို မြင်တွေ့ရမှာပါ။ နှစ်နဲ့ချီအောင်ကြာနေတဲ့ အမာာရွတ်ဟောင်းတွေတောင်မှ ပုံမှန်သာဇွဲရှိရှိနဲ့လုပ်ရင် ပါးသွားပါလိမ့်မယ်။ တစ်ပတ်ကို ၂ ကြိမ်လောက် Scrub ပုံမှန်တိုက်ပေးပါ။

ရှားစောင်းလက်ပတ်ဂျယ်လ်

အရေပြားပြဿနာတွေအတွက်တော့ ရှားစောင်းလက်ပတ်ဂျယ်လ်က အကောင်းဆုံးပါပဲ။ ရှားစောင်းလက်ပတ်ဂျယ်လ်နဲ့ အမာရွတ်ပေါ်ကို တိုက်ရိုက်ပွတ်ပေးရင် အမာရွတ်တွေ ဖြေးဖြေးချင်းစီ ပါးသွားစေပါတယ်။ သတိရတိုင်းသာ ပွတ်နေပါ။

Oil Massage လုပ်ပါ

အမာရွတ်တွေကို Oil Massage လုပ်ပေးရင်လည်း အမာရွတ်တွေ ဖြေးဖြေးချင်းစီ ပါးသွားစေပါတယ်။ တစ်နေ့ကို ၅ မိနစ်လောက် လုပ်ပေးပါ။ တစ်နေ့ကို ၂ ကြိမ် ပုံမှန်လုပ်ပေးပါ။ Oil Massage လုပ်ဖို့ ခက်ခဲနေတယ်၊ အဆင်မပြေဘူးဆိုရင်တော့ အပေါ်က ၂ ချက်ကိုသာ သေချာလုပ်ပေးပါ။

အမာရွတ်ပျောက်ဆေး

ပိုပြီးထိထိရောက်ရောက်နဲ့ အမြန်ပျောက်ချင်တယ်ဆိုရင်တော့ အမာရွတ်ပျောက်ဆေးလည်း လိမ်းပေးပါ။ အမာရွတ်ပျောက်ဆေးဖြစ်ရင်ပြီးရောဆိုပြီး မသုံးပဲနဲ့ တကယ်ကောင်းတဲ့ အမာရွတ်ပျောက်ဆေးမျိုးကိုပဲသုံးပါ။ ဒါမှလည်း ငွေကုန်တာနဲ့ ထိုက်တန်တဲ့ Result ကို ရှရိမှာပါ။

အမာရွတ်ပျောက်ဆေးဝယ်သုံးဖို့ကလည်း Budget ထိတယ်ဆိုရင်တော့ တစ်ပတ် ၂ ကြိမ် Scrub တိုက်ပါ။ ပြီးရင် အပေါ်မှာပြောခဲ့တဲ့ ရှားစောင်းလက်ပတ်ဂျယ်လ် ပွတ်လိမ်းတာ Oil Massage လုပ်တာတွေကို ပုံမှန်နေ့တိုင်းလုပ်ပေးပါ။ ဒါဆိုရင်တော့ အမာရွတ်တွေက ဖြေးဖြေးချင်းစီပါးလာပြီးတော့ ပျောက်သွားပါလိမ့်မယ်။