အနေဝေးတာကြာရင် တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းဝေးသလို ခံစားရတာမျိုး၊ မျက်စိရှေ့မှာမဟုတ်တော့ ခဏခဏရန်ဖြစ် စကားများကြတာမျိုး ဖြစ်ကြတဲ့ စုံတွဲတွေလည်း ရှိသလို အနေဝေးလည်း အဆင်ပြေနေတဲ့ အတွဲတွေလည်း ရှိပါတယ်။ ဒါကြောင့် စုံတွဲတွေအတွက် အနေဝေးနေတဲ့အချိန်မှာလည်း အချစ်မလျော့ပဲ အဆင်ပြေစေမယ့် အချက် ၄ ချက်ကို မျှဝေပေးလိုက်ပါတယ်။

ယုံကြည်မှုရှိပါ

Relationship တစ်ခုမှာ ယုံကြည်မှုမရှိရင် အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် ယုံကြည်မှုက အရေးကြီးပါတယ်။ ယုံကြည်မှုမရှိရင် ကိုယ်တိုင်အရင် ပူလောင်ရပါတယ်။ တစ်ဖက်လူကို သံသယထားကာ ပြောဆိုပြန်ရင်လည်း ရန်ဖြစ်စကားများကြရပါမယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုထားပါ။ ယုံကြည်မှုပေးထားသလိုလည်း သစ္စာရှိဖို့ လိုပါတယ်။

မလိမ်ပါနဲ့

ကိုယ်သွားချင်တဲ့နေရာရှိလို့ လုပ်ချင်တာတွေရှိလို့ ကိုယ့်ချစ်သူက ခွင့်မပြုဘူးဆိုရင် လိမ်ညာတာမျိုး၊ သူမသိအောင် ခိုးလုပ်တာမျိုးတွေ မလုပ်ပါနဲ့။ အဲ့လိုမဖြစ်ရလေအောင် တစ်ဖက်ကလည်း အရမ်းချုပ်ချယ်တာမျိုးတွေ မလုပ်ပါနဲ့။ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ပြောဆိုပြီး နားလည်မှုပေးပါ။ မလိမ်ညာပါနဲ့။

အဆက်အသွယ်များများလုပ်ပါ

အနေဝေးနေတဲ့အတွက် အဆက်အသွယ်မပြတ်ဖို့ အဆက်အသွယ်မနည်းဖို့က အရေးကြီးပါတယ်။ အဆက်အသွယ်များများလုပ်ပါ။ ဖုန်းပြောတာ၊ Video Call ပြောတာတွေလည်း မပျက်ကွက်ပါနဲ့။ အနေဝေးလည်း ဂရုစိုက်ပေးပါ။ ဒါဆိုရင် တစ်ယောက်နဲ့တစ်ယောက် ပိုပိုချစ်လာပြီး အဆင်ပြေနေမှာပါ။

Overthinking မဖြစ်ပါနဲ့

အတူရှိနေရင်တောင်မှ တစ်ဖက်က Overthinking ဖြစ်နေရင် အဆင်မပြေပါဘူး။ ကိုယ်တိုင်လည်း စိတ်ညစ်ရသလို တစ်ဖက်လူကလည်း စိတ်ညစ်ရပါတယ်။ အဓိကပင်ပန်းတာကတော့ Overthinking ဖြစ်တဲ့သူ ကိုယ်တိုင်ပါပဲ။ အနေဝေးရင် လူချင်းတွေ့လို့ကလည်းမရတော့ ပိုဆိုးပါတယ်။ ဒါကြောင့် လုံးဝ Overthinking မဖြစ်ပါနဲ့။