မင်္ဂလာပါ.. ပျိုမဒီတို့ရေ… အိုမင်းခြင်းဖြစ်စဉ်က ရှောင်လွှဲလို့မရတာကို အားလုံးကသိကြပေမယ့် အကုန်လုံးကတော့ တတ်နိုင်သမျှ နုပျိုလှပချင်ကြပါတယ်။ ဒါပေမယ့် နုပျိုလှပဖို့က ဒီအတိုင်းတော့ ဖြစ်မလာပါဘူး။ အသားအရေ ထိန်းသိမ်းမှု ၊ အနေအထိုင် ၊ အစားအသောက် စတာတွေအကုန်လုံး အရေးပါပါတယ်။ တခါတစ်လေ သင်မသိဘဲလုပ်မိတဲ့အကျင့်တွေကလည်း သင့်ကို အိုမင်းသွားစေပါတယ်။ ဒါကြောင့် နုပျိုမှုကိုသင်လိုချင်တယ်ဆိုရင် ဒီအချက်တွေကို ရှောင်သင့်ပါတယ်။

မှောက်အိပ်တဲ့အခါ ဆွဲငင်အားက မျက်လုံးကိုညိုစေပြီး ဖောင်းလာစေပါတယ်။ ဒီလိုအိပ်စက်ခြင်းဟာ မျက်နှာအသားအရေကို ပြေလျော့စေပြီး ကော်လာဂျင်ဆုံးရှုံးမှုကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

အိပ်ရာမဝင်ခင် မိတ်ကပ်ဖျက်ဖို့ မေ့သွားတဲ့ အမျိုးသမီးတွေအတွက်တော့ ဒါဟာ မဆန်းပါဘူး။ ဒါပေမယ့် ဒီအဆင့်က မလုပ်သင့်တဲ့အရာတစ်ခုပါပဲ။ အိပ်ရာမဝင်မီ မျက်နှာသစ်တာက နေ့ဘက်မှာစုပုံနေတဲ့ အညစ်အကြေးများ၊ ချွေးများနဲ့ မိတ်ကပ်များကို ဖယ်ရှားဖို့လိုပါတယ်။ မသစ်ဘဲအိပ်မိရင် ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံများဖြစ်တတ်ပါတယ်။

အသားအရေထိန်းပစ္စည်းတွေ အများကြီးသုံးပြီး ထုတ်ကုန်တစ်ခုစီရဲ့ မှန်ကန်တဲ့အသုံးပြုမှုကို သေချာမသိရင် အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ အရေပြားခြောက်သွေ့ပြီး ယားယံလာတဲ့အခါ နီရဲလာပြီး ရောင်ရမ်းလာတဲ့အခါ ရလဒ်အနေနဲ့ အသေးငယ်ဆုံး အရေးအကြောင်းတွေတောင် မြင်လာရပါတယ်။

ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်လာတဲ့အခါ အချိန်တိုအတွင်း အသားအရေခြောက်သွေ့ပြီး မျက်လုံးတစ်ဝိုက်မှာ အရေးအကြောင်းတွေ ဖြစ်လာစေနိုင်ပါတယ်။ အသားအရေ နုပျိုပြီး ပျော့ပျောင်းနေချင်တယ်ဆိုရင်တော့ တစ်နေ့ကို အနည်းဆုံး ရေ ခြောက်ခွက်လောက် သောက်ပေးပါ။