တော်တော်များများက ဆောင်းတွင်းရောက်မှ နှုတ်ခမ်းခြောက်တာ၊ ကွဲတာတွေ ဖြစ်တာပါ။ ဒါပေမယ့် တချို့ကျတော့လည်း နွေ၊ မိုး၊ ဆောင်း အမြဲတမ်းကို နှုတ်ခမ်းခြောက်ပြီး ကွဲနေတာပါ။ ဒါမျိုးဆိုရင် ဓာတ်တစ်ခုခုအားနည်းနေတာကြောင့် ဖြစ်ကြတာမို့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးသောက်တာဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ပြီးရင်တော့ ဒီထက်ပိုဆိုးမလာအောင်၊ သက်သာသွားအောင် ဆင်ခြင်ရမယ့်အရာတွေလည်း ရှိပါတယ်။

ဒါကြောင့် နှုတ်ခမ်းအမြဲခြောက်ပြီး ကွဲလေ့ရှိတဲ့သူတွေအနေနဲ့ အဓိကဆင်ခြင်သင့်တဲ့အရာ ၄ ခုကို ပြောပြပေးလိုက်ပါတယ်။

Lip Mask မသုံးပဲမနေပါနဲ့

ကိုယ်က အမြဲတမ်း နှုတ်ခမ်းခြောက်တတ်တယ်ဆိုရင် Lip Mask မဖြစ်မနေဆောင်ထားပြီး သုံးရပါမယ်။ ညတိုင်း Lip Mask ဆိုးပြီးအိပ်တာမျိုး၊ နေ့ပိုင်းတွေဆို Lip Balm ဆိုးတာမျိုး လုပ်ပေးသင့်ပါတယ်။ အဓိကကတော့ Lip Mak သုံးပေးတာက နှုတ်ခမ်းခြောက်တာ၊ ကွဲတာကို သိသိသာသာ သက်သာစေပါတယ်။

Matte Lipstick တွေမဆိုးပါနဲ့

Matte Lipstick တွေဆိုးတာက နှုတ်ခမ်းပိုခြောက်ပြီး ပျက်စီးစေပါတယ်။ ဒါကြောင့် နှုတ်ခမ်းအမြဲခြောက်တယ်ဆိုရင် Lip Tint တွေ Lip Gloss လေးတွေ ဆိုးပေးတာက အကောင်းဆုံးပါပဲ။

ရေသောက်မနည်းပါနဲ့

ရေသောက်နည်းရင်လည်း ပုံမှန်ထက်ပိုပြီးတော့ နှုတ်ခမ်းခြောက်တာ၊ ကွဲတာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။ ကိုယ်က နှုတ်ခမ်းခြောက်တယ်ဆိုရင် ပိုပြီးတောင် များများသောက်ပေးရမှာပါ။ ရေခဲရေမသောက်ပဲ ရိုးရိုးရေကိုပဲ များများသောက်ပါ။

လက်နဲ့ကုတ်ဖဲ့တာမျိုးမလုပ်ပါနဲ့

အရေးအကြီးဆုံး ဆင်ခြင်ရမယ့်အရာကတော့ နှုတ်ခမ်းကို လက်နဲ့ကလိတာပါ။ နှုတ်ခမ်းခြောက်ပြီ၊ ကွဲပြီဆိုရင် တော်တော်များများက အနာခံပြီးတော့ကို လက်နဲ့ကုတ်ဖဲ့တာ၊ ဆွဲခွာတာတွေလုပ်ပြီး ကလိတော့တာပါပဲ။ လက်ကမသန့်တော့ နှုတ်ခမ်းကပိုးဝင်ပြီး ပိုဆိုးလာမှာပါ။