လူတိုင်းက အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေမှုတွေ၊ စိတ်ဆင်းရဲမှုတွေနဲ့ ကြုံရတဲ့အခါမှာ Depression ဝင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလို Depression ဝင်နေတဲ့အချိန်မှာ ရှောင်သင့်တဲ့အရာတွေ ရှိပါတယ်။ ဒီအရာတွေကို မရှောင်ပဲနဲ့ လုပ်မိရင် ကိုယ့်ရဲ့ Depression ဝင်နေတဲ့ အခြေအနေက ပိုဆိုးလာမှာပါ။ ဒါကြောင့် Depression ဝင်နေတဲ့အချိန်မှာ အဓိက ရှောင်သင့်တဲ့အရာ ၄ ခုကို ပြောပြပေးလိုက်ပါတယ်။

Overthinking မဖြစ်ပါနဲ့

အရေးအကြီးဆုံးကတော့ အရမ်းမတွေးဖို့ပါပဲ။ အရမ်းတွေးပြီး Overthinking ဖြစ်ရင် ပိုပြီး အခြေအနေ ဆိုးလာစေပါတယ်။ ဝမ်းနည်းတဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်တွေမှာ အရမ်းကို အတွေးနယ်ချဲ့ပြီး တွေးတာက ပိုပြီး စိတ်ပင်ပန်းရသလို ပိုပြီးလည်း ခံစားရပါတယ်။

သူများနဲ့နှိုင်းယှဉ်တာမျိုးမလုပ်ပါနဲ့

ပုံမှန်အချိန်မှာတောင် ကိုယ့်ကိုယ်ကို သူများနဲ့ လိုက်နှိုင်းယှဉ်ရင် စိတ်ဓာတ်ကျတာမျိုး၊ စိတ်အားငယ်တာမျိုး ဖြစ်ရပါတယ်။ Depression ဝင်နေတဲ့အချိန်မှာဆို ပိုတောင်ဆိုးပါသေးတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို သူများနဲ့နှိုင်းယှဉ်တာမျိုးတွေ လုံးဝမလုပ်ပါနဲ့။

Positive Vibes မရှိတဲ့သူတွေအနားမနေပါနဲ့

Positive Vibes ရှိတဲ့သူတွေအနားမှာနေရင် စိတ်ချမ်းသာရပါတယ်။ စိတ်ညစ်စရာရှိရင်တောင် အားပြန်တက်ရပါတယ်။ ကိုယ်စိတ်ဓာတ်ကျပြီး Depression ဝင်နေတဲ့အချိန်မှာ Positive Vibes မရှိတဲ့သူတွေအနားနေရင် ပိုပြီး စိတ်ညစ်ရပါလိမ့်မယ်။ ဝေဖန်ပြောဆိုတာခံရနိုင်ပြီး ကိုယ့်ကို မကောင်းတဲ့အတွေးတွေ ပိုဝင်အောင် လုပ်နိုင်ပါတယ်။ ပိုပြီး စိတ်ဓာတ်ကျသွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အပေါ်ကောင်းတဲ့သူ၊ Positive Vibes ရှိတဲ့သူတွေ အနားမှာပဲ နေပါ။

တစ်ယောက်ထဲမနေပါနဲ့

အများစုကတော့ စိတ်ဓာတ်ကျပြီ၊ စိတ်ညစ်ပြီ Depression ဝင်ပြီဆိုရင် ဘယ်သူနဲ့မှ စကားမပြောတော့ပဲ တစ်ယောက်တည်း ခံစားနေတတ်ပါတယ်။ ဒီလိုတစ်ယောက်တည်းနေရင် Depression ဝင်တာက အခြေအနေပိုဆိုးလာပြီး မကောင်းတဲ့အတွေးတွေပဲ ခေါင်းထဲရောက်နေမှာပါ။ တခြား ကိုယ့်အပေါ်ကောင်းတဲ့သူတွေဆီ ရင်ဖွင့်ပြီး သူတို့နဲ့ စကားပြော၊ သွားလာစားသောက်ပြီး ပျော်ပျော်ရွှင်ရွှင် နေလိုက်မယ်ဆိုရင် Depression ဝင်တာက တစ်ဖြေးဖြေးလျော့ကျလာပြီး စိတ်အခြေအနေလည်း ပြန်လည်ကောင်းမွန်လာမှာပါ။