ကိုယ့်ရည်းစားနဲ့ ရန်ဖြစ်ပြီဆိုရင် စိတ်တိုနေတဲ့အချိန်မှာ ဘာမှမစဉ်းစားမဆင်ခြင်ပဲ အမှားတွေလုပ်မိတတ်ကြပါတယ်။ လုပ်ပြီးသွားတဲ့အရာက ပြန်ပြင်လို့မရပါဘူး။ မလုပ်ခင်ထဲက သေချာစဉ်းစားသင့်ပါတယ်။ ဒါကြောင့် ရည်းစားနဲ့ရန်ဖြစ်တဲ့အခါမှာ မပြုလုပ်မိအောင်ဆင်ခြင်သင့်တဲ့အချက် တွေကို ပြောပြပေးချင်ပါတယ်။ ဒီအချက်လေးတွေကိုမှတ်ထားပြီး နောက်ကိုယ်ဆင်ခြင်လို့ရတာပေါ့။

ကိုယ်ထိလက်ရောက်မလုပ်ပါနဲ့။

Source: www.mpasho.co.ke.com

ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ရန်ဖြစ်ကြလို့ အရမ်းစိတ်တိုလာရင်တောင် ကိုယ်ထိလက်ရောက်မလုပ်ပါနဲ့။ ကိုယ်ချစ်လို့တွဲနေတဲ့သူအတွက်လည်း မကောင်းသလို၊ ရေရှည်ဆို ကိုယ့်အတွက်လည်း ကောင်းတာမရှိပါဘူး။ ရန်ဖြစ်တိုင်း လက်ပါတတ်တဲ့သူကိုလည်း ကြာရင်ဘယ်သူ့မှ သည်းခံနိုင်မှာမဟုတ်ပါဘူး။ ရန်ဖြစ်ရင်လက်ပါတာမျိုးက လုံးဝကိုမကောင်းတဲ့အကျင့်ပါနော်။

အနာဟောင်းတွေပြန်မဆွပါနဲ့။

Source: www.zetizen.jawapos.com

မိန်းကလေးတော်တော်များများရဲ့အကျင့်က ရန်ဖြစ်လို့ စိတ်ဆိုးပြီဆိုရင် အရင်ကဖြစ်ခဲ့တာတွေ၊ အရင်ကမှားခဲ့တာတွေကိုပါ ပြန်ပြန်ပြီးထည့်ပြောလေ့ရှိကြတယ်။ ဒီလိုပြီးခဲ့တာတွေကို ရန်ဖြစ်တိုင်းသာ ပြန်ပြောနေမယ်ဆိုရင် လက်ရှိဖြစ်နေတဲ့ပြဿနာက ပိုကြီးသွားမယ့်အပြင်ကို အပြောခံရတဲ့တစ်ဖက်လူကလည်း ကြာရင် စိတ်ပျက်လာပါလိမ့်မယ်။ တချို့ယောင်္ကျားလေးတွေဆိုလည်း ဒီလိုဖြစ်ခဲ့တာတွေကို ပြန်ပြောပြီး ပြဿနာရှာတတ်ကြပါတယ်။

Facebook ပေါ်မတင်ပါနဲ့။

Source: www.uccexpress.ie.com

တချို့တွေကျတော့ ရည်းစားနဲ့ရန်ဖြစ်ပြီ၊ စိတ်ဆိုးပြီဆိုရင် ခံစားချက်တွေ၊ ကိုယ်ဖြစ်နေတဲ့ပြဿနာတွေကို Facebook ပေါ်တင်ကြတယ်။ ဒီလိုတင်လိုက်လို့ ကောင်းသွားတာမရှိပါဘူး။ ကိုယ့်အတွင်းရေးလူသိသွားပြီး ကိုယ်ပေါင်ကိုယ်လှန်ထောင်းတာပဲ အဖတ်တင်မယ်နော်။ ခံစားချက်တွေချရေးချင်ရင် Note ထဲမှာပဲချရေးလိုက်ပါ။

လမ်းခွဲစကားမပြောပါနဲ့။

Source: www.blogs.psychcentral.com

ရန်ဖြစ်တိုင်းသာ လမ်းခွဲစကားပြောနေမယ်ဆိုရင် အပြောခံရတဲ့သူဘက်က ကြာလာရင်ရိုးသွားပြီး ကိုယ်ဘယ်လောက်ပြောပြော ကြောက်တော့မှာလည်းမဟုတ်သလို၊ ကိုယ်ပြောနေရင်လည်း ခံစားရတော့မှာ မဟုတ်ဘူးနော်။ ရန်ဖြစ်တိုင်းဒီစကားပြောတယ် ပြီးရင်လည်း ပြန်တည့်တာပဲဆိုပြီး ချော့တောင်ချော့တော့မှာ မဟုတ်ဘူးနော်။ ကိုယ့်ဘက်ကတကယ်မပြတ်နိုင်ပဲ လမ်းခွဲစကားကို လွယ်လွယ်မပြောသင့်ပါဘူး။ ဒါကြောင့် ရန်ဖြစ်တိုင်း လမ်းခွဲစကားပြောတတ်တဲ့အကျင့်ရှိရင် အခုပဲပြင်လိုက်တော့နော်။