လူအများစု၊ ဆံပင်အလှပြင်ဆိုင်အများစုအတွက်တော့ ခေါင်းလျှော်ပြီးနောက် ဆံပင်ပျော့ဆေးသုံးရတာဟာ ပုံမှန်လုပ်နည်းတစ်ခုလိုဖြစ်နေပါပြီ။ ဒါပေမယ့် ဒီလိုမျိုး အလုပ်ရှုပ်ခံပြီး ဆံပင်ပျော့ဆေးအသုံးပြုပေးခြင်းက ကိုယ့်အတွက်ကို တစ်ကယ်အကျိုးဖြစ်စေရဲ့လားဆိုပြီး တွေးမိပါသလား။ သင်ထင်ထားတာထက်ကိုပိုပြီး သင့်ဆံသားတွေကို နူးညံ့စေပါတယ်။

ဆံသားအစိုဓာတ်ဖြည့်တင်းပေးခြင်း

ဆံပင်ပျော့ဆေးသုံးပြီးနောက် ဆံသားကပျော့ပျောင်းနေရတဲ့ အကြောင်းအရင်းကတော့ ဆံပင်ပျော့ဆေးအများစုကို ဖန်တီးပြုလုပ်ချိန်မှာ ဆံပင်တွေကို ပြန်လည်ကျန်းမာလာစေရာမှာ အထူးအထောက်အကူဖြစ်စေမယ့် Emollients များ၊ အဆီများ၊ ဆီလီကုန်းများ ထည့်သွင်းထားပါတယ်။ ဆံပင်ပျော့ဆေးရဲ့ အကျိုးကျေးဇူးတွေကို အပြည့်အဝရစေဖို့အတွက် သူ့ကိုမသုံးခင်မှာ ခေါင်းလျှော်ပြီးစိုနေတဲ့ ဆံပင်ကရေတွေကို အကုန်ညှစ်ပစ်ပါ။ ပြီးရင် ဆံပင်ပျော့ဆေးကို ဆံပင်အရင်းကနေ အဖျားထိ သေချာသုတ်လိမ်းပြီး နှစ်မိနစ် သုံးမိနစ်ထားပေးပါ။

အရှည်မြန်စေဖို့ အထောက်အကူပြုခြင်း

အသားအရေလိုပဲ ဆံသားမှာလည်း ဆံပင်ရှည်လျားစေတဲ့ ပန်းကုံးလေးတွေပါဝင်နေပါတယ်။ ဆံပင်ပျော့ဆေးတွေက ထိုပန်းကုံးလေးတွေကို ကျိုးကြေပျက်စီးသွားခြင်းမဖြစ်အောင် ကာကွယ်ပေးတဲ့ အလွှာတစ်ခုအနေနဲ့ ကူညီပေးပါတယ်။

ဆံသားအရောင်တောက်စေခြင်း

ခေါင်းလျှော်လိုက်တဲ့အခါ ဆံပင်ရဲ့သဘာဝအဆီတွေကို ရှင်းထုတ်လိုက်သလိုဖြစ်တာကြောင့် အနောက်ကနေပြီး ဆံပင်ပျော့ဆေးလိုက်ဖို့ လိုအပ်ပါတယ်။ ဆံပင်တွေရှုပ်ထွေးညှိယှက်တာမျိုးမဖြစ်အောင် ကူညီပေးတဲ့အပြင် ဆံသားကိုလည်း အရောင်တောက်စေပါတယ်။