ကိုယ့်ချစ်သူနဲ့ ခဏခဏရန်ဖြစ်စကားများရတယ်၊ အဆင်မပြေဖြစ်နေတယ်ဆိုရင် အရင်ထက်ပိုပြီး အဆင်ပြေလာအောင်၊ ပျော်ရွှင်လာအောင် ဒီအရာ ၄ ခုကို လုပ်ကြည့်ပါ။
အရင်ထက်အချိန်ပိုပေးပါ
တစ်ယောက်နဲ့တစ်ယောက် အရင်ထက်ပိုအချိန်ပေးပြီး စကားပြောပါ။ တွေ့ပါ။ ပျော်စရာကောင်းတဲ့အရာတွေ များများလုပ်ပါ။ အလုပ်မအားလို့ ပလစ်ထားတာမျိုးတွေ လုံးဝမလုပ်ပါနဲ့တော့။ တွေ့တဲ့အချိန်တိုင်းမှာလည်း စိတ်ညစ်စရာတွေကိုထားခဲ့ပါ။ ပျော်စရာကောင်းတဲ့ အမှတ်တရလေးတွေ ဖန်တီးပါ။
မလုပ်ဖူးတာတွေလုပ်ကြည့်ပါ
အရင်က မလုပ်ခဲ့ဘူးတာတွေကို လုပ်ကြည့်ပါ။ ခရီးတူတူသွားတာမျိုး၊ တခြားလုပ်ချင်တာလေးတွေရှိရင်လည်း လုပ်ကြည့်ပါ။ အရင်ထက်ပိုပြီး အဆင်ပြေလာမယ်၊ ပျော်ရွှင်လာပါမယ်။ တစ်ယောက်အကြောင်း တစ်ယောက်လည်း ပိုသိလာပါမယ်။
အရင်ထက်ပိုပြီးဂရုစိုက်ပါ
ကိုယ့်ချစ်သူအပေါ်မှာ ပစ်ထားသလို၊ ဂရုမစိုက်သလိုတွေရှိခဲ့ရင် အခုချိန်ကစပြီး ဂရုစိုက်လိုက်ပါ။ အရင်ထက်ပိုဂရုစိုက်ပြီး ကြင်နာပေးပါ။ ကိုယ့်ချစ်သူကြိုက်တတ်တာလေးတွေ ဝယ်ပေးတာမျိုး၊ လက်ဆောင်ပေးတာမျိုးလေးတွေနဲ့လည်း ရိုကြည့်ပါ။ ပိုပြီးပျော်စရာကောင်းလာပါလိမ့်မယ်။ တစ်ယောက်ကပင်ပန်းနေချိန်မှာ ဂရုမစိုက်လို့ဆိုပြီး ပြဿနာရှာမယ့်အစား ကိုယ်ကပဲ ဂရုစိုက်ပေးလိုက်ပါ။ ဒါဆိုရင် ပိုပြီးအဆင်ပြေလာပါလိမ့်မယ်။
ရိုးသားပါ၊ သစ္စာရှိပါ
တစ်ယောက်နဲ့တစ်ယောက် အရင်ထက်ပိုပြီး ရိုးသားပေးပါ။ လုံးဝမလိမ်ပါနဲ့။ တစ်ယေက်မကြိုက်တာကို တစ်ယောက်ကမလုပ်ပဲ ဆင်ခြင်ပေးပါ။ အရင်ထက်ပိုပြီး နားလည်ပေးပါ။ တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိပေးပါ။ မကြိုက်တာရှိရင်၊ အလိုမကျတာရှိရင် ပွင့်ပွင့်လင်းလင်းပြောပါ။ တစ်ယောက်နဲ့တစ်ယောက် မာနတွေကိုမထားပဲ ချစ်ပေးမယ်ဆိုရင် အရင်ထက်ပိုပြီး အဆင်ပြေလာမယ်၊ ပျော်ရွှင်လာပါမယ်။