ဘဝမှာ ခဏခဏကို အသည်းခွဲခံခဲ့ရတာတွေ၊ အချစ်ရေးကံမကောင်းတာတွေ ဖြစ်လာရင် ပြောင်းလဲသွားတတ်ပါတယ်။ အဓိကကတော့ အချစ်ကို စိတ်ကုန်လာတာပါပဲ။ ဒါ့အပြင် အချစ်ကံမကောင်းတဲ့ သူတစ်ယောက်က ရင့်ကျက်လာတဲ့အခါမှာ ဒီအရာ ၄ ခုလည်း ဖြစ်ပေါ်လာလေ့ရှိပါတယ်။

ဘဝအတွက်အရေးကြီးတာတွေကိုသိလာခြင်း

ဘဝအတွက် အရေးကြီးတာနဲ့ အရေးမကြီးတာတွေကို ကွဲကွဲပြားပြားသိလာပြီး ကိုယ့်ဘဝကို အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားဖို့ ရည်မှန်းချက်တွေ မြင့်တက်လာပါတယ်။ အောင်မြင်ချင်စိတ်တွေ၊ ကိုယ့်အားကိုယ်ကိုးချင်စိတ်တွေ ဖြစ်လာပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုသာ အားကိုးရာဖြစ်တယ်၊ ကိုယ့်ကိုယ်ကိုပဲ ပိုချစ်မယ်ဆိုတဲ့ စိတ်တွေဖြစ်လာပြီး စိတ်ဓာတ်တွေလည်း ပိုမိုကြံ့ခိုင်လာပါမယ်။

အချစ်ကိုစိတ်မဝင်စားတော့ခြင်း

အချစ်ကိစ္စတွေကို စိတ်မဝင်စားတော့ပဲ တစ်ယောက်ထဲနေရတာကို ပိုကြိုက်လာပါတယ်။ ဘယ်လောက်ပဲချစ်ပါတယ်လို့ လာပြောပြော၊ ဘယ်လိုပဲ ရင်ခုန်အောင်လုပ်နေပါစေ လွယ်လွယ်နဲ့ မချစ်တတ်တော့ပါဘူး။ အချစ်ကိစ္စတွေကို စိတ်ကုန်သွားတာမျိုး ဖြစ်တတ်ပါတယ်။

စွန့်လွှတ်ဖို့ဝန်မလေးတော့ခြင်း

ကိုယ့်အပေါ်မကောင်းတဲ့သူတွေကို အရင်ကလို ပျော့ညံ့ပြီး ဖက်တွယ်မနေပဲ လွယ်လွယ်နဲ့ စွန့်လွှတ်တတ်လာမယ်။ မကောင်းတဲ့သူတွေကို စွန့်လွတ်ပြီး ကိုယ့်အပေါ်ချစ်တဲ့သူ၊ ကောင်းတဲ့သူတွေကိုပဲ ပိုတန်ဖိုးထားတတ်လာမယ်၊ ကိုယ့်မိသားစုကို ပိုချစ်လာပါမယ်။

တစ်ယောက်ထဲနေရတာကိုပိုကြိုက်လာခြင်း

ရည်းစားမထားတော့ပဲ၊ အီစီကလီတွေလည်း မလုပ်တော့ပဲ တစ်ယောက်ထဲ လွတ်လွတ်လပ်လပ် နေရတာကို ပိုပြီးကြိုက်လာမယ်။ တချို့ဆို အရင်လို လူတွေအများကြီးနဲ့နေရတာ၊ လျှောက်သွားရတာတွေကိုပါ မကြိုက်တော့ပဲ တစ်ယောက်ထဲပဲနေချင်လာမယ်။ အားလပ်ရက်တွေမှာလည်း အရင်လိုအပေါင်းအသင်းနဲ့ လျှောက်သွားမယ့်အစား စာအုပ်လေးဖတ်တာမျိုး၊ ရုပ်ရှင်ကြည့်တာမျိုးတွေနဲ့ပဲ အချိန်ကုန်ဖြစ်လာပါတယ်။