အားလုံးပဲ မင်္ဂလာပါ။ အလေးအပင်များကို ရုတ်တရက်ဆွဲမလိုက်တဲ့အခါ၊ ထိုင်တဲ့အနေအထားမမှန်တဲ့အခါ၊ ဒါမှမဟုတ် အသက်အရွယ်ရလာတဲ့ သက်ကြီးရွယ်အိုတွေမှာ ခါးနာခြင်းဝေဒနာ အဖြစ်များပါတယ်။ ခါးနာဝေဒနာပြင်းထန်လာတဲ့အခါ ခွဲစိတ်ရသည်အထိ ပြုလုပ်ရပါတယ်။

ဒါ့ကြောင့် ခါးနည်းနည်းလေး နာလာတာနဲ့ ပြင်းထန်လာတဲ့အထိ မစောင့်ဘဲ အခုဖော်ပြပေးမယ့် အကြောလျော့ Yoga လေ့ကျင့်ခန်းများကို ချက်ချင်းပြုလုပ်ပေးလိုက်ပါ။ ခါးနာဝေဒနာ ၇ မိနစ်အတွင်း သက်သာသွားပါလိမ့်မယ်။

လေ့ကျင့်ခန်း ၁

လေ့ကျင့်ခန်းပြုလုပ်တဲ့ဖျာပေါ်မှာ အရင်ဆုံး ဒူးထောက်ထားပြီးနောက် ပုံပါအတိုင်းတဖြည်းဖြည်း ဒူးကားပေးလိုက်ပါ။ လက်ဖဝါးနှစ်ဖက်က ဒူးခေါင်းကို ကိုင်ထားပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀ ခန့် ပြုလုပ်ပေးပါ။ ခြေထောက်က ကြမ်းပြင်ကို ထိကပ်ထားရပါမယ်။

လေ့ကျင့်ခန်း ၂

ခါးမတ်မတ်ထားပြီး ထိုင်နေပါ။ ညာခြေကို အရှေ့သို့ ဆန့်ထုတ်ထားပြီး ကျန်ခြေဖဝါးတစ်ဖက်ကို ပေါင်အတွင်းသားနဲ့ ထိကပ်ပေးလိုက်ပါ။ ထို့နောက် ခန္ဓာကိုယ်အပေါ်ပိုင်းကို အရှေ့သို့ ကိုင်းချလိုက်ပြီး လက်အနေအထားကိုတော့ ပထမပုံမှာ ပြထားတဲ့အနေအထားအတိုင်း ပြုလုပ်ပါ။ ပြီးမှ လက်ကို ဖြည်းဖြည်းချင်း အရှေ့ ထုတ်ပြီး ခြေချောင်းလေးများကို လှမ်းဆွဲလိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀ ခန့် နေပါ။ ထို့နောက် ညာခြေပြီးသွားပါက ဘယ်ခြေပြောင်းပြီး ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း ၃

ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး နံရံကို ကျောမှီထားပါ။ ခြေဖဝါးနှစ်ဖက်ကို ပုံပါအတိုင်း ပူးကပ်ထားပြီး ထိုခြေဖဝါးကို တင်ပါးဆုံရိုးနဲ့ နီးသထက်နီးအောင် ဆွဲကပ်လိုက်ပါ။ ထိုအနေအထားအတိုင်း ခပ်ပြင်းပြင်းလေးနဲ့ အသက်ရှုသွင်း ရှုထုတ် ၅ ကြိမ်ပြုလုပ်ပါ။ ထို့နောက် ခေါင်းငုံ့ထားကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို အရှေ့သို့ ကွေးချလိုက်ပါ။ အသက်ပြင်းပြင်း ရှုသွင်းရှုထုတ် ၅ ကြိမ် ပြုလုပ်ပါ။

လေ့ကျင့်ခန်း ၄

အသင့်အနေအထားနဲ့ မတ်မတ်ရပ်နေပါ။ ထို့နောက် ညာခြေကို ဘယ်ခြေမှ ၃ ပေ (သို့) ၄ ပေ ခွာလိုက်ပြီး ဘေးဘက်သို့ ကွေးလိုက်ပါ။ ထိုအခါ ပေါင်က ကြမ်းပြင်နဲ့ မျဉ်းပြိုင်ပုံသဏ္ဍာန်ဖြစ်နေရပါမယ်။ လက်မနဲ့ လက်ညှိုးကို အဝိုင်းပုံသဏ္ဍာန်ပြုလုပ်ပြီးနောက် ညာတံတောင်ဆစ်ကို ပေါင်ပေါ် ထောက်ထားပါ။ ဘယ်လက်ကိုတော့ ခေါင်းပေါ်မှာ ဆန့်တန်းထားပါ။ ဘယ်ခြေနဲ့ ညာလက်က မျဉ်းစောင်းပုံစံ ဖြစ်နေရပါမယ်။ ဦးခေါင်းကိုလည်း မျက်နှာကျက်ပေါ်သို့ မော့ထားပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀ ခန့် နေပါ။ ထို့နောက် ခန္ဓာကိုယ်ဘက်ပြောင်းပြီး နောက်ထပ် စက္ကန့် ၃၀ ခန့် ပြုလုပ်ပါ။

Source: Brightside.me