ကိုယ်အလေးချိန်လျော့ချနိုင်မယ့် နည်းလမ်းကောင်းတွေ အများကြီးရှိပေမယ့်လည်း ကျန်းကျန်းမာမာရှိနေဖို့ တကယ်တမ်း နားလည်လုပ်ဆောင်နိုင်ဖို့ ကတော့ ခက်ခဲလွန်းလှပါတယ်။ အစားအသောက်ပဲလျော့ချနေလို့ မရဘဲ ဘဝတစ်သက်တာလုံး ဆက်လက်လုပ်ဆောင်သွားနိုင်မယ့် နည်းလမ်းတွေနဲ့ သင့်ရဲ့နေထိုင်မှုပုံစံကိုပါ ပြောင်းလဲပစ်ဖို့လိုအပ်ပါတယ်။
ဒါကြောင့် မှန်ကန်သင့်တော်တဲ့ နည်းလမ်းကောင်းတွေကို သိရှိထားမယ်ဆိုရင် ခဏတာအချိန်သာမဟုတ်ဘဲ အချိန်တိုင်းကျန်းမာကြံ့ခိုင်ပြီး ကျစ်လျစ်လှပတဲ့ ကိုယ်ခန္ဓာကို ရရှိနိုင်မှာဖြစ်ပါတယ်။
၁။ ဦးစွာပထမ Diet နဲ့ အစပြုပါ။
ဟင်းသီးဟင်းရွက်တွေကို တတ်နိုင်သမျှ များများစားပါ။ အစာစားတိုင်း ဖိုက်ဘာ၊ အဆီ နှင့် ပရိုတင်းပါဖို့ အမြဲသတိရပါ။ ထိုသုံးခုပါဝင်မယ်ဆိုရင် သင့်ကို ဗိုက်ပြည့်နေစေပြီး ကြွက်သားများကိုထိန်းသိမ်းနိုင်ကာ တနေ့တာလုံး ကယ်လိုရီတွေလောင်ကျွမ်းနိုင်ဖို့လည်း ကူညီပေးမှာဖြစ်ပါတယ်။
၂။ တတ်နိုင်သလောက် လှုပ်ရှားပေးပါ။
ထိုင်မယ့်အစား မတ်တပ်ရပ်ပြီး ဓာတ်လှေကားစီးမယ့်အစား လှေကားထစ်ကိုအသုံးပြုပေးခြင်းက သင့်ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်အပေါ် ကောင်းမွန်တဲ့သက်ရောက်မှုကို ပေးစွမ်းနိုင်ပါတယ်။ ရက်ပေါင်းများစွာ အချိန်ပေးပြီး Gym မှာသွားပြီး လေ့ကျင့်ခန်းလုပ်ခြင်းထက် တနေ့တာလုံးတက်ကြွလှုပ်ရှားနေဖို့က ပိုအရေးကြီးပြီး ထိရောက်တဲ့နည်းလမ်းတစ်ခုပါပဲ။
၃။ လေ့ကျင့်ခန်းများလုပ်ပေးပါ။
ကိုယ်လက်ကြံ့ခိုင်မှုရှိစေဖို့ လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုအပ်ပါသေးတယ်။ အစားလည်းလျှော့စားပြီး လေ့ကျင့်ခန်းလည်း ပြုလုပ်ပေးခြင်းက အဆီကိုမြန်မြန်လောင်ကျွမ်းစေကာ ကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။
၄။ အိပ်စက်ခြင်း
ကိုယ်ခန္ဓာကျစ်ကျစ်လျစ်လျစ်ဖြစ်စေဖို့ သင့်တင့်လုံလောက်သော အိပ်စက်မှုကို ရရှိဖို့လိုအပ်ပါတယ်။ အိပ်ရေးမဝဘူးဆိုလျှင် ဝိတ်ကျဖို့သာမက ကျန်းမာရေးနဲ့ညီမျှတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ပါ အလွန်ခက်ခဲမှာပါ။ ဒါကြောင့် မိမိခန္ဓာကိုယ်က အိပ်ချိန်မည်မျှလိုအပ်သည်ကို လေ့လာပြီး အိပ်ရေး၀၀အိပ်ပေးဖို့ လိုအပ်ပါတယ်။