ခေါင်းဆောင်မှုပညာဆိုတာ လူတိုင်းနဲ့ အကျုံးဝင်ပါတယ်။ အကြောင်းက လူတွေဟာ တစ်ချိန်မဟုတ် တစ်ချိန်မှာ ခေါင်းဆောင်တစ်ယောက်လို ပြုမူရတာတွေ ရှိလို့ ဖြစ်ပါတယ်။ သင်ဟာ ရုံးမှာ ရာထူးတိုးပြီး အောက်လက်ငယ်သားတွေကို ခေါင်းဆောင်မှုပေးဖို့ လိုလာနိုင်ပါတယ်။ မိသားစုထဲမှာ အကြီးဖြစ်လို့ ကိုယ့်ထက်အငယ်တွေကို ပြန်စောင့်ရှောက်ရင်းလည်း ခေါင်းဆောင်တာဝန်ယူရနိုင်ပါတယ်။ နောက်ဆုံး တစ်အိုးတစ်အိမ်ထောင်နဲ့ နေရင်တောင် ကိုယ့်သားသမီးနဲ့ ဇနီးအတွက် ကိုယ်က ခေါင်းဆောင်ပါပဲ။ ဒီတော့ ခေါင်းဆောင်တစ်ယောက်လို နေရချိန်မှာ လူလေးစားခံရသူ ဖြစ်ဖို့ အခုပြောမယ့် အချက်လေးတွေ သိထားဖို့ လိုပါတယ်။

(၁) စိတ်နေသဘောထားပြင်ပါ

Woman holding a phone and smiling

Photo: Freepik

ပထမဆုံးသိထားရမှာက ကိစ္စရပ်တွေအပေါ် သင့်ရဲ့ ထင်မြင်ယူဆချက်ဟာ သိပ်အရေးပါတယ်ဆိုတာပါပဲ။ တစ်ယောက်ယောက်က ကိုယ့်ကို နှုတ်မဆက်တာဟာ ၊ ကိုယ်ပြောနေချိန် ကြားဖြတ်ဝင်ပြောတာ ၊ ကိုယ့်အကြံကို လျစ်လျှူရှုတာဟာ ကိုယ့်ကို မလေးစားဘူးလို့ မဆိုနိုင်ပါဘူး။ ခေါင်းဆောင်ပီသတဲ့သူဟာ ပင်ကိုယ်သဘောထားကို တည်ကြည်အောင် ဆောက်တည်ပါတယ်။ ပြီးရင် တကယ်အာရုံစိုက်ရမယ့်အရာဆီကို စိုက်လိုက်မတ်တပ်သွားပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မထားရင် ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် ကြာကြာရပ်တည်ဖို့ မလွယ်ပါဘူး။

(၂) တခြားသူတွေဆီက သဘောတူတာမျိုး မရှာမိစေနဲ့

Business women team at office

Photo: Freepik

ကိုယ့်ကို ပေးလာတဲ့ အကြံဉာဏ်တွေကို တန်ဖိုးထားပါ။ ဒါပေမယ့် ဆုံးဖြတ်ရမယ့်ကိစ္စနဲ့ ကိုယ်သွားမယ့်လမ်းကို သိတာ ကိုယ်ပဲဖြစ်ပါစေ။ ကိုယ့်စံတန်ဖိုးတွေပေါ် အာရုံစိုက်ထားပြီး မှန်တဲ့ လမ်းကို လျှောက်နေချိန်မှာ တခြားသူတွေ ဘယ်လိုထင်မလဲဆိုတာ သိပ်ဂရုမစိုက်တတ်ဖို့ လိုပါတယ်။

(၃) ဆက်ဆံရေး တည်ဆောက်မှုမှန်ပါစေ

Businesswoman and clients shaking hands on business meeting

Photo: Freepik

ကိုယ့်ခေါင်းထဲက အတွေးတွေနဲ့ချည်း အထီးကျန်ကျန် မနေပါနဲ့။ လူတွေနဲ့ ဆက်သွယ်မှု လုပ်ပါ။ သူတို့ကို စိတ်ဝင်စားပါ။ လူတွေကို တကယ်စိတ်ဝင်စားမှ သူတို့နဲ့ အလုပ်တွဲလုပ်လို့ အဆင်ပြေတာ ဖြစ်ပါတယ်။

(၄) တာဝန်ယူတတ်ပါစေ

woman in the modern company office with work papers

Photo: Freepik

လူတွေ ကိုယ့်ကိုလေးစားမှုကျစေတဲ့ အချက်တစ်ခုရှိပါတယ်။ အဲ့ဒါက တာဝန်ယူစိတ် ကင်းခြင်းပဲ ဖြစ်ပါတယ်။ ပြဿနာတစ်ခုခု တက်ချိန်မှာ ဘယ်သူ့ကို လက်ညှိုး ထိုးရမလဲပဲ စဉ်းစားတတ်သူမျိုးကို ဘယ်သူမှ ခေါင်းဆောင် မတင်ချင်ကြဘူးဆိုတာ သိထားသင့်ပါတယ်။