အားလုံးပဲ မင်္ဂလာပါ။ ပျိုမေတို့အနေနဲ့ ခေါင်းအစ ခြေအဆုံးလှနေချင်ရင် ခြေထောက်အသားအရေကိုလည်း ဂရုစိုက်ဖို့လိုပါတယ်နော်။ စိုပြေပြီး နူးညံ့ချောမွေ့တဲ့ ခြေတံလှလှလေးတွေရှိတာက သင့်ကို ပိုပြီးဆွဲဆောင်မှုရှိစေမှာပါ။ ခြေထောက်အသားအရေက မွဲခြောက်ခြောက်နဲ့ နေလောင်ထားလို့ စိတ်ရှုပ်နေရတယ်ဆိုရင်တော့ အခုတစ်ခေါက် ဖော်ပြပေးမယ့် ထိန်းသိမ်းနည်းတွေကို ညဘက်တွေမှာ ပုံမှန်လုပ်ပေးနိုင်ပါတယ်။ ဒီတစ်ခေါက်မှာ ခြေထောက်အသားအရေ စိုပြေနူးညံ့ဖို့ ကိုယ်တိုင်လုပ်နိုင်မယ့် ထိန်းသိမ်းနည်းအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။

Dry Brush တိုက်ပေးပါ


ညပိုင်း ရေမချိုးခင် သင့်ခြေထောက်ကို အသွားနူးညံ့တဲ့ Brush နဲ့ Scrub တိုက်သလို ဖြေးဖြေးချင်းပွတ်တိုက်ပေးပါနော်။ ပေါင်ရင်းကနေ ခြေထောက်တစ်ခုလုံးကို အောက်ကနေပင့်ပြီး စက်ဝိုင်းပုံလှည့်ကာ တိုက်ပေးရပါမယ်။ ဒီနည်းက သွေးလည်ပတ်မှုကောင်းပြီး အဆိပ်အတောက်ပြယ်ကာ ခြေထောက်မှာရှိတဲ့ဆဲလ်သေတွေကွာကျစေတာမို့ သင့်ခြေထောက်အသားအရေကို နူူးညံ့ပြီး အစိုဓာတ်ပိုစိမ့်ဝင်စေမှာပါ။

ရေချိုးရင်း Exfoliate လုပ်ပါ


Dry Brush တိုက်ပြီးတာနဲ့ ရေချိုးတဲ့အခါ Exfoliate လုပ်ပြီး ချေးချွတ်သန့်စင်ပေးပါနော်။ Chemical မပါတဲ့ သဘာဝနည်းတွေနဲ့ Scrub လုပ်ပေးနိုင်ပါတယ်။ Exfoliate ကိုတော့ ရေချိုးတိုင်း တစ်ပတ်တစ်ခါလောက် ပုံမှန်လုပ်ပေးလိုက်ပါ။ နူးညံ့ပြီး အစိုဓာတ်ပြည့်တဲ့ ခြေထောက်အသားအရေလေးကို အချိန်တိုအတွင်း ပိုင်ဆိုင်စေမှာပါ။

အသီးအာနိသင်ပါဝင်တဲ့ ဆပ်ပြာနဲ့ သန့်စင်ပါ


ရေချိုးဆပ်ပြာ (သို့) ခြေထောက်တိုက်ဖို့သုံးတဲ့ဆပ်ပြာကို Chemical မပါဘဲ သဘာဝအသီးတွေနဲ့ လုပ်ထားတာမျိုးကို ရွေးချယ်ပေးပါနော်။ ခြေထောက်မှာနေလောင်ကွက်ရှိသူတွေ၊ အသားရောင်မညီတဲ့သူတွေအနေနဲ့ သင်္ဘောသီး၊ သံပယိုသီးစတဲ့ Vitamin C အာနိသင်များတဲ့ ဆပ်ပြာတွေကို ရွေးသုံးဖို့လိုပါတယ်။

အစိုဓာတ်အတွက် Lotion လိမ်းပေးပါ


Scrub တိုက်ပြီးတိုင်း အစိုဓာတ်ပြန်ရအောင် Hydrating ဖြစ်တဲ့ Foot Cream ဒါမှမဟုတ် Lotion တစ်မျိုး မဖြစ်မနေလိမ်းပေးပါနော်။ ညပိုင်းတွေမှာ Lotion ပုံမှန်လိမ်းပေးတာက သင့်ကိုနောက်တစ်နေ့မနက်မှာ နူးညံ့ချောမွေ့တဲ့ ခြေထောက်လေးတစ်စုံကို ပိုင်ဆိုင်စေမှာပါ။ သင်က အသားအရမ်းခြောက်တတ်တဲ့သူဆိုရင်တော့ ညပိုင်းတွေမှာ သဘာ၀ Essential Oil တစ်ခုခု လိမ်းအိပ်တာမျိုး ပြုလုပ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar