မိတ်ကပ်လိမ်းတဲ့အခါမှာ ဘာ skincare မှ မသုံးပဲ မိတ်ကပ်တန်းလိမ်းတာမျိုး မလုပ်သင့်ပါဘူး။ အသားအရေကို ဂရုစိုက်ချင်တယ်၊ မိတ်ကပ်လိမ်းထားရင် အသားခြောက်နေသလိုမျိုး ဖြစ်နေတာကို မကြိုက်ဘူးဆိုရင်တော့ မိတ်ကပ်မလိမ်းခင်မှာ ဒီ skincare ပစ္စည်း ၄ မျိုးကို သုံးပေးဖို့လိုပါတယ်။

Cleanser

Cleanser နဲ့ မျက်နှာကို သေချာသစ်ပြီး သန့်စင်ပေးဖို့ လိုပါတယ်။ မျက်နှာသစ်ထားပြီးသားဆိုပြီး တန်းလိမ်းလိုက်ရင် မျက်နှာမှာ ဖုန်နဲ့အညစ်အကြေးတွေ ကပ်နေနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ မိတ်ကပ်လိမ်းမယ်ဆိုရင် မျက်နှာကို cleanser နဲ့သစ်ပြီး သေချာသန့်စင်ပေးပါ။

Toner

မျက်နှာသစ်ပြီးရင် toner တန်းလိမ်းပေးပါ။ မျက်နှာသစ်ပြီးတာနဲ့ ဘာမှမလိမ်းပဲ မိတ်ကပ်တန်းလိမ်းလိုက်မယ်ဆိုရင် မျက်နှာအသားအရေ ပျက်စီးစေပါတယ်။ အရေးအကြောင်းတွေ မြန်မြန်ဖြစ်စေပါတယ်။ ဒါကြောင့် ရေဓာတ်ပြည့်ဝနေစေဖို့အတွက်လည်း toner ကို မဖြစ်မနေ လိမ်းပေးရပါမယ်။

Moisturizer

Toner နဲ့ moisturizer ကတော့ မဖြစ်မနေ လိမ်းပေးဖို့လိုတဲ့ skincare step တွေပါပဲ။ Moisturizer လိမ်းပြီးမှ မိတ်ကပ်လိမ်းထားတဲ့မျက်နှာနဲ့ moisturizer မလိမ်းပဲ မိတ်ကပ်တန်းလိမ်းထားတဲ့မျက်နှာနဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုရင် သိသာပါတယ်။

Moisturizer မလိမ်းပဲ မိတ်ကပ်တန်းလိမ်းထားတဲ့မျက်နှာက အသားအရေခြောက်ခြောက်ကြီးနဲ့ မိတ်ကပ်လည်းမညီပါဘူး။ မိတ်ကပ် finish လုံးဝမလှပါဘူး။ မိတ်ကပ်ဆွဲရတာလည်း အဆင်မပြေပါဘူး။ Moisturizer လိမ်းပြီးမှ မိတ်ကပ်လိမ်းမယ်ဆိုရင်တော့ မိတ်ကပ်ဆွဲရတာလည်းလွယ်ကူပြီး မိတ်ကပ်သားညက်ညက်လေးနဲ့ အသားအရေကလည်း စိုပြည်နေမှာပါ။

Sunscreen

ညဘက်အပြင်သွားဖို့ မိတ်ကပ်လိမ်းတဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာလိမ်းမယ်ဆိုရင် sunscreen ကို မဖြစ်မနေလိမ်းပေးရပါမယ်။ Sunscreen မလိမ်းပဲ အပေါ်က skincare step တွေနဲ့ မိတ်ကပ်ပဲလိမ်းပြီး အပြင်သွားမယ်၊ နေပူထဲသွားမယ်ဆိုရင် အသားအရေထိခိုက်ပျက်စီးပြီး နေလောင်တာ၊ အရေးအကြောင်းတွေ မြန်မြန်ဖြစ်တာ၊ အမဲစက်နဲ့ တင်းတိပ်တွေထွက်တာမျိုး ဖြစ်လာပါလိမ့်မယ်။