နူးညံ့စိုပြေပြီး ဝင်းလက်တောက်ပတဲ့အသားအရေကို မလိုချင်တဲ့သူ ကမ္ဘာပေါ်မှာ မရှိပါဘူး။ အိပ်ချိန်မှန်မှန်အိပ်မယ်။ အသားအရေအလှအပကို ပုံမှန်ထိန်းသိမ်းမယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများကိုသာ စားသုံးမယ်။ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်မယ်ဆိုရင် Glow တဲ့ အသားအရေလေးကို ပိုငဆိုင်နိုင်ပါတယ်။ ထိုနည်းလမ်းများကိုလည်း လူတိုင်း လိုက်လုပ်နိုင်ကြပါတယ်။
ဒါပေမဲ့ သင့်အနေနဲ့ အထက်ဖော်ပြပါ အချက်များကို တစ်ခါမှ လိုက်မလုပ်ဖူးဘူး။ မနက်ဖြန်မှာ အရေးကြီး ပွဲတက်စရာရှိတာကြောင့် ညတွင်းချင်း အသားအရေကို Glow ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများကို ပြုလုပ်နိုင်ပါတယ်။
ဆန်နှင့် နှမ်းစေ့
Photo: India.com
ဆန်နှင့် နှမ်းစေ့များကို အချိုးတူ ယူပြီးနောက် ရေဖြင့် တစ်ညခန့် စိမ်ထားလိုက်ပါ။ မနက်နိုးလာတဲ့အခါ ထိုဆန်စေ့၊ နှမ်းစေ့များကို ကြိတ်လိုက်ပါ။ ရရှိလာတဲ့ အဖတ်များကို မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့ သုတ်လိမ်းပြီးနောက် ၂ မိနစ်ခန့် စောင့်ပါ။ သတ်မှတ်ချိန်ပြည့်မှ ရေအေးဖြင့် ဆေးချလိုက်ပါ။
နှမ်းစေ့က အသားအရေကို အာဟာရဓာတ် ဖြည့်တင်းပေးပြီး အစိုဓာတ် ထိန်းပေးပါတယ်။ ဆန်စေ့များကတော့ ကြေးချွတ်ပေးတဲ့အတွက်ကြောင့် သင့်မျက်နှာနဲ့ ခန္ဓာကိုယ်က နူးညံ့တောက်ပြောင်နေပါလိမ့်မယ်။
နွားနို့
မျက်နှာအနှံ့ နွားနို့သုတ်လိမ်းပြီးနောက် အပေါ်သို့ ပင့်တင်ကာ မနှိပ်နယ်ပေးလိုက်ပါ။ ပြီးရင်တော့ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။ နွားနို့က မျက်ကွင်းညိုခြင်းကို သက်သာစေပြီး အသားအရေကို နူးအိစေပါတယ်။
Scrub တိုက်ပါ
ညအိပ်ရာ ဝင်ခါနီး ရေချိုးတဲ့အခါ မိမိကြိုက်နှစ်သက်ရာ Scrub ဖြင့် ခန္ဓာကိုယ်အနှံ့ ပွတ်တိုက်ပြီးနောက် ၁၅ မိနစ်ခန့် ထားထားပါ။ မျက်နှာကိုလည်း မျက်နှာ Scrub ဖြင့် ပွတ်တိုက်ပြီး ၂ မိနစ်ခန့်ထားပါ။ ရေအေးဖြင့် ဆေးချပြီးနောက် ညဘက်လိမ်းသော ဘော်ဒီလိုးရှင်းဖြင့် ခန္ဓာကိုယ်အနှံ့ သုတ်လိမ်းပေးလိုက်ပါ။ မနက်နိုးလာတဲ့အခါမှာ အသားအရေက Baby Skin လေးလို နူးအိနေတာကို တွေ့ရပါလိမ့်မယ်။
မျက်လုံးအလှအပအတွက်လည်း ဂရုစိုက်ပါ
မျက်နှာကို ဝင်းပစိုပြေအောင် ထိန်းသိမ်းပြီးတဲ့အခါမှာ မျက်လုံးအလှအပကိုလည်း မေ့ထားလို့မရပါဘူး။ မျက်တွင်းညိုခြင်းမှ ကာကွယ်ပေးပြီး မျက်လုံးအလှကို ပေါ်လွင်စေပြီးအတွက် Eye Cream လိမ်းပေးဖို့လည်း လိုပါတယ်။
ဒါမှ ခန္ဓာကိုယ်တစ်ခုလုံးက ပြစ်မျိုးမှဲ့မထင်တဲ့ အလှပိုင်ရှင်လေး ဖြစ်မှာပေါ့။
Source: Stylecraze.com