ကိုယ့်ချစ်ခင်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ဝမ်းနည်းနေတဲ့အခါမျိုးမှာ ကိုယ့်ဘက်ကနေ အတတ်နိုင်ဆုံး သူတို့ပျော်ရွှင်လာအောင်၊ ခံစားနေရတာတွေတွေ လျော့ကျသွားအောင် လုပ်ပေးသင့်ပါတယ်။
ရင်ဖွင့်ခိုင်းလိုက်ပါ
လူတိုင်းက တစ်ခုခုကြောင့် ခံစားနေရတဲ့အခါ၊ ဝမ်းနည်းနေတဲ့အခါမျိုးမှာ တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ရင် စိတ်ထဲပေါ့သွားပြီး နည်းနည်းနေလို့ကောင်းသွားပါတယ်။ ရင်ထဲမှာဆို့နေတဲ့အလုံးကြီး ကျသွားသလိုခံစားမှုမျိုး ရရှိစေပါတယ်။ ဒါကြောင့် သူရင်ဖွင့်သမျှကို သေချာဂရုစိုက်နားထောင်ပေးလိုက်ပါ။
နှစ်သိမ့်ပေးလိုက်ပါ
အတတ်နိုင်ဆုံး သူ့စိတ်သက်သာရာရအောင်၊ ဝမ်းနည်းနေတာတွေ လျော့ကျသွားအောင် ကြင်ကြင်နာနာနဲ့ နှစ်သိမ့်ပေးလိုက်ပါ။ သူတို့အတွက် အားကိုးစရာလူရသွားတဲ့ခံစားချက်မျိုး ဖြစ်စေလို့ အားရှိစေပါတယ်။
ဟာသတွေမျှဝေပေးပါ
ဟာသလေးတွေများများမျှဝေပြီး ပျော်စရာလေးတွေ ဖန်တီးပေးလိုက်ပါ။ ဒါဆိုရင် သူလည်း ဝမ်းနည်းနေတာတွေ တော်တော်လေးလျော့ကျသွားပါလိမ့်မယ်။
အတူတူအပြင်သွားပါ
အိမ်ထဲမှာနေရင်၊ အခန်းထဲမှာပဲအောင်းနေရင် ပိုဝမ်းနည်းပါတယ်။ ဒါကြောင့် အပြင်ခေါ်ထုတ်ပြီး လျှောက်သွားတာမျိုး၊ မုန့်သွားစာမျိုးလုပ်ပေးပါ။ အဖော်လုပ်ပြီး သူနဲ့အတူ အချိန်တွေကုန်ဆုံးပေးလိုက်ပါ။
photo source.www.pinterest.com