Relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိဖို့က အရမ်းကို အရေးကြီးပါတယ်။ ယုံကြည်မှုမရှိရင် ဘယ်လောက်ချစ်ချစ် အဆင်မပြေပဲ ခဏခဏပြဿနာတွေ တက်နေမှာပါ။ ဒါဆိုရင် ယုံကြည်မှုအပြည့်ရှိတဲ့ Relationship တစ်ခုကို ဘယ်လိုတည်ဆောက်ကြမလဲ?

တစ်ယောက်နဲ့တစ်ယောက်ပွင့်လင်းပါ

တစ်ယောက်နဲ့ တစ်ယောက် ဘယ်ကိစ္စမဆို ပွင့်ပွင့်လင်းလင်းရှိပါ။ ပွင့်လင်းမှုရှိမှ ယုံကြည်မှုဆိုတာလည်း ရှိလာမှာပါ။ ကိုယ့်ချစ်သူအပေါ်မှာလည်း ရိုးသားပါ။ တစ်ယောက်မသိတာကို တစ်ယောက်က မလုပ်ပါနဲ့။ တစ်ခုခုဆိုရင် ကြိုပြောထားလိုက်ရင် သံသယဖြစ်စရာလည်း ရှိတော့မှာမဟုတ်ပါဘူး။

မလိမ်ပါနဲ့

လိမ်တာက အဆိုးဆုံးပါပဲ။ တစ်ခါလိမ်လိုက်တာနဲ့ အလိမ်ခံရတဲ့သူက နောက်ဆိုရင်ကော ဒီလိုလိမ်မှာလား၊ အမှန်တိုင်းပြောနေရင်တောင် လိမ်နေတာများလားဆိုပြီး တွေးမိလာပါတယ်။ လိမ်ထားတာကို သိသွားလို့ စိတ်ဆိုးတာထက်စာရင် အမှန်တိုင်းပြောလိုက်လို့ စိတ်ဆိုးသွားတာက ပိုချော့ရလွယ်ပါတယ်။ ဒါကြောင့် မလိမ်မိအောင် ကြိုးစားပါ။ ဒါဆိုရင် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုပိုတိုးလာပါလိမ့်မယ်။

သစ္စာရှိပါ

ကိုယ့်ချစ်သူအပေါ်မှာ သစ္စာရှိပါ။ သူ့နောက်ကွယ်မှာလည်း သစ္စာရှိပေးပါ။ ဒါမှ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေ ပိုခိုင်မြဲပြီး ပျော်ရွှင်တဲ့ Relationship တစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ။

သံသယစိတ်တွေမများပါနဲ့

တစ်ယောက်က မယုံကြည်အောင်လုပ်နေလို့ သံသယဖြစ်တာမျိုးက ဘာမှမဖြစ်ပေမယ့် ဘာမှလည်းမလုပ်ပဲ ကိုယ့်အတွေးနဲ့ကိုယ်၊ အတွေးတွေလွန်ပြီး သံသယစိတ်များနေတာမျိုး၊ တစ်ဖက်လူကို ဘာမှမသေချာပဲ စွပ်စွဲပြောဆိုတာ၊ ပြဿနာရှာတာမျိုးမလုပ်ပါနဲ့။ တစ်ခါတစ်လေကျရင် သံသယစိတ်တွေ ကြောင့်ပဲ ယုံကြည်မှုတွေ ပိုပျက်လာရပါတယ်။

Photo Source: www.pinterest.com