နှုတ်ခမ်းသားပျက်စီးပြီး ခြောက်သွေ့တာ၊ အဖတ်တွေလန်တာမျိုးတွေဖြစ်ရင် နှုတ်ခမ်းနီဆိုးရတာလည်း အဆင်မပြေ၊ နှုတ်ခမ်းလည်း မလှဖြစ်နေ ပါလိမ့်မယ်။ ဒီလိုမဖြစ်ရအောင် နေ့တိုင်း ပုံမှန်လုပ်ပေးရမယ့် အရာတွေ ရှိပါတယ်။ မိန်းကလေးတိုင်း လုပ်ပေးသင့်ပါတယ်။ ဘာမှလည်း မခက်ခဲတာ ကြောင့် ပုံမှန်လေးထိန်းသိမ်းပေးပါ။ ဒါမှလည်း နှုတ်ခမ်းလေးက အမြဲလှနေမှာပါ။

ရေများများသောက်ပါ

နေ့တိုင်းရေကို များများသောက်ပေးပါ။ ရေခဲရေမသောက်ပဲ ရိုးရိုးရေပဲသောက်ပါ။ ဒါမှ နှုတ်ခမ်းသားမခြောက်မှာပါ။

နှုတ််ခမ်းမကိုက်ပါနဲ့

နှုတ်ခမ်းကိုက်တာကလည်း နှုတ်ခမ်းသား ပျက်စီးစေပါတယ်။ ပြီးရင် နှုတ်ခမ်းသားနည်းနည်းခြောက်တာနဲ့ လက်နဲ့လျှောက်ခွာတာမျိုး လုံးဝမလုပ်ပါနဲ့။

Lip Scrub လုပ်ပါ

တစ်ပတ်ကို တစ်ခါ Lip Scrub ပုံမှန်လုပ်ပါ။ ဒါမှ ဆဲလ်သေတွေကွာကျပြီး နှုတ်ခမ်းသားချောမွေ့လာမယ်။ နှုတ်ခမ်းသားပျက်စီး၊ ခြောက်သွေ့တာတွေလည်း မဖြစ်တော့ပါဘူး။

ညတိုင်း Lip Balm ဆိုးပါ

ညအိပ်ယာဝင်ခါနီးတိုင်းမှာ နှုတ်ခမ်းကို wet tissue လေးနဲ့ ပွတ်ပြီး သန့်စင်ပြီး Lip Balm တစ်ခုခုဆိုးပါ။

Source:www.stylecraze.com