မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် ခေါင်းမှာ ဗောက်တွေရှိနေရင် ရှက်စရာကောင်းပါတယ်။ ဗောက်ပြဿနာက အမျိုးမျိုးရှိပါတယ်။ ခေါင်းလျှော်ရည်နဲ့မတည့်တဲ့အခါမျိုးမှာတောင် ဗောက်ထတတ်ပါတယ်။ ဘယ်လိုကြောင့် ဗောက်ထတာပဲဖြစ်ဖြစ် သဘာဝနည်းလမ်းနဲ့ ဗောက်အမြန်ပျောက်အောင်လုပ်နိုင်မယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီနည်းလမ်းတွေထဲကမှ ကိုယ်နဲ့အဆင်ပြေမယ့်တစ်မျိုးကို ရွေးလုပ်ကြည့်လို့ရတာပေါ့။

Tea Tree Oil

Tea Tree Oil – ၂ စက်နဲ့ Jojoba Oil – ၂ စက်တို့ကို ရောမွှေပြီး cotton pad လေးနဲ့ယူကာ ဗောက်ထတဲ့နေရာ၊ ဦးရေပြားမှာ ပွတ်လိမ်းပေးပါ။ တစ်ပတ်မှာ ၃ ကြိမ်လောက် လုပ်ပေးရင် ဗောက်တွေ အမြန်ပျောက်ပါတယ်။ ဒါပေမယ့် ကိုယ့်အသားအရေက allergic ဖြစ်လွယ်ရင်တော့ ဒီနည်းလမ်းကို မသုံးပါနဲ့။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ ၄ တက်လောက်ကို ကျေညက်နေအောင် ထောင်းချေပြီး သံလွင်ဆီ – ခွက်တစ်ဝက်စာနဲ့ ရောမွှေပြီး မီးဖိုပေါ်မှာ ၅ မိနစ်တည်ထားပါ။ အချိန်ပြည့်ရင် အအေးခံထားပြီး အေးသွားပြီဆိုမှ ဦးရေပြားမှာ နှံ့နေအောင်လိမ်းပြီး မိနစ် ၃၀ ထားပါ။ အချိန်ပြည့်ရင် ရေဆေးချပြီး ခေါင်းလျှော်လိုက်ပါ။ တစ်ပတ်မှာ တစ်ကြိမ် (သို့) နှစ်ကြိမ်လုပ်ပေးပါ။

ရှားစောင်းလက်ပတ်ဂျယ်လ်

ရှားစောင်းလက်ပတ်ဂျယ်လ်ကို လက်ဖဝါးထဲထည့်ပြီး ဦးရေပြားမှာ နှံ့သွားအောင် သေချာပွတ်ပေးပါ။ ပြီးရင်တော့ ၁ နာရီကြာအောင်ထားပြီးမှ ခေါင်းလျှော်ပါ။ ဒီနည်းလမ်းကတော့ အနည်းဆုံး တစ်ပတ်မှာ ၂ ကြိမ်လုပ်ရမှာပါ။

အုန်းဆီ

အုန်းဆီစစ်စစ် – စားပွဲတင်ဇွန်း ၂ ဇွန်း ကို ဦးရေပြားမှာ သေချာနှံ့နေအောင် ပွတ်လိမ်းပေးပါ။ ၁ နာရီကြာအောင်ထားပြီး အချိန်ပြည့်ရင် နူးညံ့တဲ့ mild shampoo နဲ့ ခေါင်းသေချာလျှော်ပေးပါ။ ဒီနည်းလမ်းကိုလည်း တစ်ပတ်မှာ ၂ ကြိမ်လုပ်ပေးရပါမယ်။

Source:www.stylecraze.com