တံတောင်ဆစ်နဲ့ ဒူးဆစ်က တခြားနေရာတွေထက်စာရင် ပိုမဲတာပါပဲ။ ထောက်တာများတဲ့သူဆို ပိုတောင်မဲပါသေးတယ်။ ဒါကြောင့် တံတောင်ဆစ်မဲတာ၊ ဒူးမဲတာမျိုး မဖြစ်ချင်ဘူးဆိုရင် မထောက်ပါနဲ့။ ပြီးရင် တစ်ပတ် ၁ ခါ၊ ၂ ခါလောက် ပုံမှန် Scrub တိုက်ပါ။ နေ့တိုင်း Lotion သေချာလိမ်းပါ။ ဒါဆိုရင် မဲတာက ပိုဆိုးမလာစေပါဘူး။ ဒါ့အပြင် တံတောင်ဆစ်နဲ့ဒူးဆစ်မဲတာ သက်သာပြီး Skin Tone တက်လာစေဖို့အတွက် လုပ်ပေးလို့ရတဲ့ သဘာဝနည်းလမ်းတွေလည်း ရှိပါတယ်။ အဲ့ထဲကမှ ရိုးရှင်းသော နည်းလမ်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။

မုန့်ဖုတ်ဆိုဒါ၊ သံပယိုသီး

သံပယိုသီးကို ၂ ခြမ်းခြမ်းပြီး မုန့်ဖုတ်ဆိုဒါဖြူးပေးပါ။ ပြီးရင် တံတောင်ဆစ်နဲ့ဒူးကို ဖြေးဖြေးချင်းစီပွတ်ပေးပြီး ၁၅ မိနစ်ထားပါ။ အချိန်ပြည့်ရင် ရေကြက်သီးနွေးလေးနဲ့ သန့်စင်ပေးပါ။ ၂ ရက်တစ်ခါ (သို့) တစ်ရက်တစ်ခါ ပုံမှန်လုပ်ပေးမယ်ဆိုရင် မဲတာသက်သာပြီး Skin Tone တက်လာမှာပါ။

ရှာလကာရည်၊ ဒိန်ချဉ်

ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်းနဲ့ ဒိန်ချဉ် – စားပွဲတင်ဇွန်း ၁ ဇွန်းကို ရောမွှေပြီး တံတောင်ဆစ်နဲ့ ဒူးခေါင်းမှာ လိမ်းပေးပါ။ ၁၅ မိနစ်ထားပြီးမှ ရေကြက်သီးနွေးနဲ့ ဆေးချလိုက်ပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင် အနည်းဆုံး တစ်ပတ်မှာ ၃ ကြိမ် ပုံမှန်လုပ်ပေးပါ။ ဒါဆိုရင်တော့ တံတောင်ဆစ်နဲ့ ဒူးဆစ်မဲတာတွေ သက်သာပြီး Skin Tone တက်လာမှာ သေချာပါတယ်။

အာလူး

အသားအရေမဲညစ်တာနဲ့ အမဲစက်အတွက်ဆိုရင် အာလူးက အရမ်းအထောက်အကူပြုပါတယ်။ အာလူးကို သေးသေးလေးတွေရအောင်ခြစ်ပြီး အဝတ်တစ်ခုထဲထည့်ကာ အရည်ရအောင်ညှစ်ပါ။ ပြီးရင် ရလာတဲ့အာလူးအရည်ကို တံတောင်ဆစ်နဲ့ဒူးခေါင်းမှာ လိမ်းပေးပြီး ၁၅ မိနစ်ထားပါ။ အချိန်ပြည့်ရင် ရေနဲ့ ပြန်သန့်စင်လိုက်ရုံပါပဲ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင် နေ့တိုင်းလုပ်ပေးတာက အကောင်းဆုံးပါပဲ။

သခွားသီး

သခွားသီးကိုလှီးပြီး တံတောင်ဆစ်နဲ့ ဒူးခေါင်းကို ပွတ်ပေးပါ။ ၁၅ မိနစ်လောက် ပွတ်ပြီးရင် ချက်ချင်းရေမဆေးချပဲ ခဏထားပြီးမှ ရေနဲ့ပြန်သန့်စင်ပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်လည်း အာလူးလိုပါပဲ။ နေ့တိုင်းလုပ်ပေးနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။