ဗိုက်ပူလို့ စိတ်ညစ်နေလား ? တီရှပ်အောက်ကနေ ထွက်လာတဲ့ အဆီတွေကို ဖယ်ရှားဖို့ အချိန်ရောက်ပြီလို့ တွေးနေပြီဆိုရင် ဒါက လေ့ကျင့်ခန်းစလုပ်ရမယ့်အချိန်ပါ။ ဝမ်းဗိုက်ကြွက်သားတွေကို ချပ်ချပ်ရပ်ရပ်ဖြစ်စေမယ့် အရိုးရှင်းဆုံး လေ့ကျင့်ခန်း ( ၄ ) ခုကို ဝေမျှလိုက်ပါတယ်။

Pelvic Tilt

Pelvic Tilt က ဗိုက်အဆီကျဖို့ တကယ်ထိရောက်တဲ့ လေ့ကျင့်ခန်းပါ။ ကြမ်းပြင်ပေါ်မှာ ပက်လက်အိပ်ပါ။ ဒူးကိုကွေးပြီး ခြေဖဝါးကို ကြမ်းပြင်နဲ့ထိထားပါ။ လက်တစ်ဖက်ကို တင်ပါးရိုးပေါ်ထားပြီး နောက်တစ်ဖက်ကို ခါးအောက်ထားပေးပါ။ ပြီးရင် ကျောကို ကြမ်းပြင်ပေါ်ကနေ ဆွဲတင်လိုက်ပါ။ တစ်ခါလုပ် ၁၅ ခါနဲ့ ( ၄ ) ကြိမ်လုပ်ပေးပါ။

Single Leg Toe Taps

အရင်ဆုံး ကြမ်းပြင်ပေါ်မှာ ပက်လက်အိပ်ပါ။ ဒူးကိုကွေးပြီး မြှောက်ထားပါ။ လက်နှစ်ဘက်ကို ဘေးချထားပါ။ ညာဘက်ခြေထောက်ကို အောက်ချပေးပါ။ ချတဲ့အချိန် ခြေချောင်းနဲ့ ကြမ်းပြင်ကို ထိပေးပါ။ တစ်ဖက်ကို အကြိမ် ( ၂၀ ) နဲ့ ၄ ကျော့လုပ်ပေးပါ။

Hip Rolls

အရင်ဆုံး ကြမ်းပြင်ပေါ်မှာ ပက်လက်အိပ်ပါ။ ဒူးကိုကွေးပြီး မြှောက်ထားပါ။ လက်နှစ်ဘက်ကို ဘေးကိုဆန့်တန်းပြီးချထားပါ။ ဒူးကို အရင်ဆုံးညာဘက်ကို ကွေးချပါ ။ ပြီးရင် ဘယ်ဘက်ကို ပြန်ကွေးပါ။

Crunches

အရင်ဆုံး ကြမ်းပြင်ပေါ်မှာ ပက်လက်အိပ်ပါ။ ဒူးကိုခွာပြီး‌ ထောင်ထားပါ။ လက်နှစ်ဘက်က နားထင်ကို ထိထားပေးပါ။ ဗိုက်ကြွက်သားကိုညှစ်ပြီး ထပေးပါ။ တစ်ခါလုပ် ၁၅ ခါနဲ့ ( ၄ ) ကြိမ်လုပ်ပေးပါ။