လက်သည်းနီဆိုးတာများရင် လက်သည်းဝါညစ်တာတွေ အမြဲဖြစ်ပါတယ်။ လက်သည်းဝါတာကို ပျောက်အောင်မလုပ်ပဲ ဒီတိုင်းထားပြီး လက်သည်းနီပဲဆိုးပြီး cover လုပ်နေမယ်ဆိုရင်တော့ လက်သည်းဝါတာက ပိုဆိုးလာပြီး လက်သည်းလည်း ပျက်စီးစေပါတယ်။ ဒါကြောင့် လက်သည်းဝါညစ်နေတာတွေ ပျောက်ဖို့အတွက် လွယ်ကူရိုးရှင်းတဲ့ အိမ်တွင်းဖြစ် နည်းလမ်းကောင်း ၄ ခုကို မျှဝေပေးလိုက်ပါတယ်။

Whitening Toothpaste

Whitening ပါတဲ့ သွားတိုက်ဆေးကို လက်သည်းပေါ် ထူထူလေးအုံထားပြီး ၁၅ မိနစ်ထားပါ။ ပြီးမှ သွားပွတ်တံနဲ့ တိုက်ပေးရမှာပါ။ ဒီနည်းလမ်းကို နေ့တိုင်းလုပ်ပေးရင် လက်သည်းဝါညစ်တာတွေ ဖြေးဖြေးချင်းစီ ပျောက်သွားမှာပါ။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ – လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရေနွေးနည်းနည်းနဲ့ ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေလိုက်ပါ။ ပြီးရင်တော့ လက်သည်းမှာပွတ်လိမ်းပြီး ၁၀ မိနစ်ထားပါ။ အချိန်ပြည့်မှ ရေပြန်ဆေးချလိုက်ပါ။ မုန့်ဖုတ်ဆိုဒါက စွန်းထင်းတာတွေ ပျောက်စေပါတယ်။

သံပယိုရည်

သံပယိုသီးကို တစ်ခြမ်းခြမ်းပြီး လက်သည်းမှာ ပွတ်တိုက်ပေးရင် လက်သည်းဝါတာပျောက်ပြီး ဖြူစေသလို သံပယိုရည်ကို လက်သည်းမှလိမ်းပြီး ကြာကြာထား၊ ပြီးမှ ရေပြန်ဆေးချတာလည်း လက်သည်းဝါတာ ပျောက်စေပါတယ်။ အဓိကက နေ့တိုင်းလုပ်ပေးဖို့ပါပဲ။

Essential Oils

Lemon essential oil ၂ စက်နဲ့ tea tree essential oil ၂ စက်ကို ရေနွေးနည်းနည်းနဲ့ ရောမွှေပြီး လက်ချောင်းလေးတွေ ထည့်စိမ်ပေးရမှာပါ။ မိနစ်အနည်းငယ်လောက်စိမ်ပြီးရင် ရိုးရိုးရေနဲ့ ပြန်သန့်စင်ပြီး ရေခြောက်အောင်သုတ်၊ ပြီးရင် moisturizer ပြန်လိမ်းပေးပါ။ Lemon essential oil က အစွန်းအထင်းတွေ ပျောက်စေပြီး tea tree essential oil ကတော့ ဘတ်တီးရီးယားနဲ့ fungal infections တွေကို သေစေနိုင်ပါတယ်။