EX ကို မမေ့နိုင်ပဲ မျှော်လင့်နေတဲ့သူတွေအတွက် ပြန်လာမယ်ဆိုတဲ့ မျှော်လင့်ချက် ရှိနိုင်သလို တချို့ကျတော့လည်း ပြန်မလာတော့ဘူးဆိုတာ သိသိရက်နဲ့ကို စောင့်မျှော်နေကြတာပါ။ ပြန်မလာတော့တာသိရက်နဲ့ မျှော်လင့်ချက်တွေထားနေမယ်ဆိုရင် ကိုယ်ပဲပိုပြီး နာကျင်ခံစားရမှာပါ။ ဒီတစ်ယောက်နဲ့ပြတ်လည်း ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ့်သူတွေ ထပ်လာမှာပါပဲ။ စိတ်ဖြတ်နိုင်ရင် ကိုယ်တိုင်လည်း ပျော်ရွှင်ရမယ်၊ စိတ်ချမ်းသာရပါမယ်။

ဒါကြောင့် အမြန်ဆုံး ကိုယ့်စိတ်ကိုထိန်းချုပ်ပြီး စိတ်ဖြတ်နိုင်အောင် သူက သင့်ဆီကိုပြန်မလာတော့ဘူးဆိုတာ သိသာစေတဲ့ အချက် ၄ ချက်ကို ပြောပြပေးလိုက်ပါတယ်။

သင့်ကိုအဆက်အသွယ်အပြီးဖြတ်ခြင်း

သင်နဲ့ပြတ်သွားပြီးတော့လည်း နည်းနည်းလေးတောင် အဆက်အသွယ်မလုပ်တော့ပဲ နေနိုင်ရင် သင့်ကို စိတ်ပြတ်နိုင်လို့ပါပဲ။ သင့်ဘက်က တစ်ခုခုဖြစ်နေလို့ပါလို့ အကြောင်းပြပြီး ဆက်သွယ်ရင်တောင်မှ ပြန်အဖတ်မလုပ်တာမျိုး၊ လုံးဝမဆက်သွယ်တာမျိုးတွေ ဆိုရင်တော့ သင့်အပေါ်မှာ စိတ်ပြတ်နိုင်တာ သေချာပါတယ်။ သင့်ဆီပြန်လာဖို့လည်း ရာခိုင်နှုန်းအရမ်းနည်းပါတယ်။

သင်ဆက်သွယ်လို့မရအောင်လုပ်ခြင်း

သူ့ဘက်က အဆက်အသွယ်မလုပ်တော့တဲ့အပြင် သင့်ဘက်က ဆက်သွယ်လို့မရအောင်ပါ လုပ်ပစ်တယ်ဆိုရင်တော့ သင့်ဆီပြန်လာဖို့နေနေသာသာ ပတ်သက်ရမှာစိုးလို့တောင် ရှောင်နေတာပါပဲ။ Social Media တွေမှာ သင့်ကို Block ပြီး ဖုန်းမှာပါ Block ထားမယ်၊ ဒါ့အပြင် ဖုန်းနံပါတ်တွေပါ ပြောင်းထားမယ်ဆိုရင်တော့ သင့်အနေနဲ့ မေ့ပစ်လိုက်တာ အကောင်းဆုံးပါပဲ။

သင့်အကြောင်းဘာမှစိတ်မဝင်စားတော့ခြင်း

သင့်ဘက်ကဘာပဲဖြစ်နေပါစေ ဂရုမစိုက်တော့ဘူး၊ သင့်အကြောင်းတွေကို သူငယ်ချင်းတွေဆီလည်း မမေးတော့ဘူး၊ မပြောတော့ဘူး၊ သူငယ်ချင်းတွေကလာပြောရင်တောင် စိတ်မဝင်စားတဲ့ပုံစံမျိုးတွေ ဖြစ်နေပြီဆိုရင်တော့ သင့်အပေါ် ခံစားချက်မရှိတော့တာမျိုး ဖြစ်နိုင်ချေများပါတယ်။

အသစ်ရသွားခြင်း

နောက်ဆုံးမှာ သင့်ဆီပြန်မလာတော့ဘူးဆိုတာ သေချာသွားတဲ့အချက်ကတော့ အသစ်ရသွားတာပါပဲ။ အသစ်တောင်ရသွားပြီဆိုထဲက မျှော်လင့်ချက်ထားမနေပါနဲ့တော့။ သူတောင် နောက်တစ်ယောက် အသစ်တွဲနေပြီဆိုရင် ကိုယ့်လည်း အတိတ်တွေကိုမေ့ပြီး ပျော်ရွှင်အောင် နေထိုင်ဖို့ပဲ ရှိပါတယ်။