ရပ်ပစ်လိုက်သင့်တဲ့ Relationship တစ်ခုကို မရပ်နိုင်ပဲ ဆက်ပြီးဖက်တွယ်နေရင် စိတ်ဆင်းရဲမှုတွေနဲ့ပဲ ပြည့်နှက်နေမှာပါ။ မဖြစ်နိုင်တော့ရင် လမ်းခွဲပြီး ပျော်ရွှင်မှုကို အစကနေ ပြန်ရှာဖွေနိုင်ပါတယ်။ ကိုယ့်ရဲ့လက်ရှိ Relationship ကို ရပ်ပစ်လိုက်သင့်ပြီလားဆိုတာက ဒီအချက် ၄ ချက်နဲ့တင် သိနိုင်ပါတယ်။

သစ္စာဖောက်ခံရခြင်း

သစ္စာဖောက်ခံရရင် ဘယ်လောက်ချစ်ချစ် ဆက်ပြီးမတွဲသင့်ပါဘူး။ အစထဲကသာ ကိုယ့်ကို တကယ်တန်ဖိုးထားပြီး ချစ်ခဲ့ရင် ဖောက်ပြန်ရမယ့်ကိစ္စက ရှိလာမှာ မဟုတ်ပါဘူး။ ဖောက်ပြန်တဲ့သူကို ခွင့်လွှတ်ပေးပြီး ဆက်တွဲနေမယ်ဆိုရင်တော့ နောက်တစ်ခေါက်ထပ်ပြီး ဖောက်ပြန်တာမခံရဘူးလို့ မပြောနိုင်ပါဘူး။ ဒါကြောင့် သစ္စာဖောက်ခံရပြီဆိုရင် ဒီ Relationship ကို ရပ်ပစ်လိုက်တာက အကောင်းဆုံးဖြစ်မှာပါ။

ပျော်ရွှင်မှုမရှိတော့ခြင်း

ဘယ်လိုပဲကြိုးစားပြီး ညှိုနှိုင်းနေပါစေ လုံးဝအဆင်မပြေတော့ပဲ စိတ်ညစ်နေရတယ်၊ ပျော်ရွှင်မှုတွေလည်း မရှိတော့ဘူးလို့ ခံစားနေရပြီဆိုရင် ို သေချာပြန်စဉ်းစားသင့်နေပါပြီ။ ပျော်ရွှင်မှုမရှိတော့တဲ့ Relationship တစ်ခုကို ဆက်ပြီးဖမ်းဆုပ်ထားရင်လည်း စိတ်ပင်ပန်းတာပဲရှိပါတယ်။ ဒါကြောင့် အဆုံးသတ်လိုက်တာက နှစ်ယောက်လုံးအတွက် ပိုကောင်းမှာပါ။

Toxic ဖြစ်လာခြင်း

တစ်ခါလာလည်း ဒီပြဿနာတွေပဲ ဖြေရှင်းနေရတယ်၊ ဒါကြောင့်ပဲ စကားများရန်ဖြစ်နေရတယ်ဆိုရင် တစ်ဖြေးဖြေးနဲ့ ပျော်ရွှင်မှုတွေ ပျောက်ဆုံးလာပြီး Toxic ဖြစ်လာမှာပါ။ သဝန်တိုမှုတွေများပြီး စွပ်စွဲကြတာ၊ သံသယတွေနဲ့ စွပ်စွဲပြီး ရန်ဖြစ်ကြတာ၊ ချုပ်ချယ်မှုတွေနဲ့ မွန်းကြပ်လာတာတွေကြောင့် Toxic Relationship ဖြစ်လာပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် စိတ်ကုန်လာပြီး အရင်လိုလည်း အဆင်ပြေတော့မှာ မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်လို့ လမ်းမခွဲချင်ရင်တော့ သေချာပြန်ညှိုနှိုင်းဖို့ လိုပါတယ်။

အနိုင်ကျင့်ခံရခြင်း

Relationship တစ်ခုမှာ မတရားညဉ်းပန်းနှိပ်စက်တာ၊ အနိုင်ကျင့်တာတွေ လုပ်တာခံနေရရင် လမ်းခွဲသင့်ပါတယ်။ မယူရသေးခင် ရည်းစားဘဝမှာတောင် ဒီလိုတွေလုပ်နေတယ်၊ တစ်ခုခုဆို လက်ပါနေတယ်ဆိုရင် ယူပြီးတဲ့အခါ ပိုဆိုးလာဖို့ပဲ ရှိပါတယ်။