ရည်းစားဟောင်းနဲ့ လုံးဝပြန်မတွဲသင့်ဘူးလို့ ပြောကြပေမယ့် တချို့တွေအတွက်တော့ အခြေအနေတွေက ကွာခြားပါတယ်။ တချို့အခြေအနေတွေကျတော့ ပြတ်သွားပေမယ့်လည်း ပြန်တွဲသင့်တာမျိုးရှိပါတယ်။ ဒါကြောင့် ရည်စားဟောင်းနဲ့ပြန်တွဲဖို့ စဉ်းစားသင့်တဲ့အချက် ၄ ချက်ကို ပြောပြပေးလိုက်ပါတယ်။

ဘာမဟုတ်တာလေးနဲ့ပြတ်ခဲ့ရင်

တချို့တွေကျတော့ အကြောင်းပြချက် မယ်မယ်ရရမရှိပဲ စိတ်အခန့်မသင့်လို့ စကားများရန်ဖြစ်ကြရာကနေ ပြတ်စဲသွားကြတာတွေ ရှိပါတယ်။ ဖောက်ပြန်တာမျိုးလည်း မဟုတ်ဘူး၊ ကိုယ့်ကို အရမ်းနာကျင်ရအောင် လုပ်ခဲ့တာမျိုးလည်း မဟုတ်ဘူးဆိုရင်တော့ နှစ်ယောက်လုံး ချစ်သေးတယ်ဆိုရင် ပြန်တွဲဖို့ စဉ်းစားကြည့်သင့်ပါတယ်။

ချစ်ရက်နဲ့ပြတ်သွားကြရင်

နှစ်ယောက်လုံးက တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ပြီး သဝန်တိုမှုလွန်ကဲခဲ့တာတွေ၊ အထင်လွဲမှုတွေကြောင့် ပြတ်သွားခဲ့တာမျိုးဖြစ်ပြီး လက်ရှိမှာလည်း တစ်ယောက်နဲ့တစ်ယောက် ချစ်နေသေးတယ်ဆိုတာကို သိနေရင် ညှိုယူပြီး ပြန်တွဲဖို့ စဉ်းစားကြည့်သင့်ပါတယ်။

နှစ်တွေအကြာကြီးတွဲခဲ့ကြရင်

၅ နှစ်၊ ၆ နှစ်၊ ၁၀ နှစ် စသဖြင့် နှစ်တွေအကြာကြီးတွဲခဲ့ပြီးမှ အကြောင်းတစ်ခုခုကြောင့် ပြတ်သွားကြတယ်ဆိုရင် ပြတ်ခဲ့တဲ့ အကြောင်းအရာကို ပြန်ကြည့်ပါ။ Relationship တစ်ခုက ဒီလောက် နှစ်တွေ အရမ်းကိုအကြာကြီးဖြစ်အောင် တည်ဆောက်နိုင်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ဖောက်ပြန်လို့၊ သစ္စာမရှိလို့ ပြတ်သွားတာမျိုးမဟုတ်ဘူးဆိုရင်၊ အခုထိလည်း စိတ်မပြတ်နိုင်ကြသေးဘူးဆိုရင်၊ ပြတ်သွားတာ သိပ်မကြာသေးဘူးဆိုရင် အရမ်းနှမြောဖို့ကောင်းတာကြောင့် ပြန်တွဲသင့်ပါတယ်။

မခံစားနိုင်တော့တဲ့အခြေအနေကို ရောက်လာရင်

ကိုယ့်အနေနဲ့ ပြတ်သွားပြီး လုံးဝမခံစားနိုင်တော့လောက်အောင် နာကျင်ရတဲ့ အခြေအနေကို ရောက်လာပြီဆိုရင် ကိုယ်မှားခဲ့ရင် တောင်းပန်ပြီး ပြန်ဆက်သွယ်ကြည့်ပါ။ သူ့ဘက်ကမှားခဲ့တာဆိုလည်း သူ့အမှားတွေကို တောင်းပန်ပြီး အရာရာပြောင်းလဲပေးပြီဆိုရင် ပြန်တွဲဖို့ စဉ်းစားကြည့်ပါ။ အရေးကြီးတာက သေချာညှိုယူပြီး သူ့ဘက်ကလည်း ပြောင်းလဲလာမှသာ ပြန်တွဲသင့်ပါတယ်။ မဟုတ်ရင်တော့ ကိုယ်ပဲ ထပ်ပြီး နာကျင်ရအုံးမှာပါ။