ဆံပင်အဆီအရမ်းထွက်တော့ ဆံပင်ကစီးကပ်ပြီး မလှတော့ဘူး။ အဲ့တော့ ခေါင်းခဏခဏလျှော်ရတာပေါ့။ ဒီလို ဆံပင်အဆီအရမ်းထွက်အောင် သင်ကိုယ်တိုင်ပဲအများဆုံးလုပ်မိနေတဲ့ အမှားတွေရှိပါတယ်။ ဒီအမှားတွေကိုသိပြီးပြင်မှသာ ဆံပင်အဆီအရမ်းထွက်တာမျိုး မဖြစ်တော့မှာပေါ့။

ဆံပင်ကိုအမြဲစည်းထားတာ

ဆံပင်ကိုတစ်ခါတစ်လေစည်းတာက ဘာမှမဖြစ်ပေမယ့် အမြဲတမ်းစည်းထားရင်ကျတော့ ခေါင်းချွေးထွက်ပြီး ဆံပင်အဆီပိုထွက်ပါတယ်။ စည်းထားရင် အောက်နားကဆံသားတွေကတော့ အဆီမထွက်ပါဘူး။

ရေနွေးနဲ့လည်းလျှော်ပါ

ဆံပင်အဆီမထွက်ချင်ရင် ရေနွေးနဲ့ ခေါင်းလျှော်ပါ။ လုပ်ရမယ့်ပုံစံကတော့ အရင်ဆုံး ရေနွေးနဲ့ခေါင်းကိုလောင်းပြီး Shampoo နဲ့ Conditioner သုံးပါ။ ပြီးမှ ရေအေးနဲ့ ဆေးချတာ၊ လျှော်ချတာမျိုးလုပ်ပါ။ ဒါက ဆံပင်အဆီထွက်တာ သက်သာစေပါတယ်။

ခေါင်းခဏခဏလျှော်တာ

အစကတော့ ဆံပင်ကအဆီအရမ်းမထွက်ပါဘူး။ ဒါပေမယ့် မိန်းကလေးတော်တော်များများက အပြင်သွားမယ်ဆိုတာနဲ့ ခေါင်းလျှော်ကြတယ်။ ဆံပင်ပုံလေးပျက်နေပြီဆိုတာနဲ့ ခေါင်းခဏခဏလျှော်ကြတယ်။ ဒီလိုခေါင်းခဏခဏလျှော်လို့ကို ဆံပင်အဆီကပိုထွက်လာတာပါ။ ဆံပင်အဆီတွေထွက်တော့ ဆံပင်တွေကကပ်ပြီးမလှဘူးဆိုပြီး ခဏခဏထပ်လျှော်ကြပြန်ရော။ အဲ့လိုနဲ့ပဲ ဆံပင်အဆီကပိုပိုထွက်လာတာပေါ့။

ဆံပင်ခဏခဏဖြီးတာ

ဆံပင်ကိုခဏခဏဖြီးတာကလည်း ဆံပင်အဆီပိုထွက်စေပါတယ်တဲ့နော်။ ဒါကြောင့် ဆံပင်ကို ခဏခဏမဖြီးပါနဲ့။ တစ်ချို့ကျတော့ နည်းနည်းလေးလေတိုက်တာ၊ ပွတာနဲ့ကို ပြန်ဖြီးနေတာမျိုးရှိပါတယ်။

Source: www.brightside.me