ခံတွင်းနံ့ဆိုးတာက လူကြားထဲ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတဲ့အပြင် ရှက်စရာကောင်းပါတယ်။ ခံတွင်းနံ့ထွက်ခြင်းက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ကျန်းမာရေး မကောင်းတာကြောင့် ခံတွင်းနံ့ထွက်တာမျိုးလည်း ဖြစ်နိုင်တာမို့ ဖြစ်နိုင်ချေရှိတဲ့ အကြောင်းအရင်းတွေနဲ့ ဖြေရှင်းနည်းတွေကို ဖော်ပြပါရစေ။

၁။ စပ်ပြီး အနံ့ပြင်းတဲ့ အစားအသောက်တွေ စားမိတာ

ငရုတ်သီးနဲ့ ကြက်သွန်ဖြူ အနံ့က သွေးထဲအထိ စုပ်ယူခြင်းခံရတာကြောင့် ခန္ဓာကိုယ်ထဲက လုံးဝ ထွက်သွားမှ အနံ့ပျောက်တာပါ။ ဒါကြောင့် သွားတိုက်ပြီးတာတောင် ကြက်သွန်ဖြူ အနံ့က ကျန်ခဲ့တတ်တာပါ။

၂။ ပုံမှန် သွားသန့်ရှင်းရေး မလုပ်လို့

သွားတိုက်တာနဲ့ Floss လုပ်ပေးတာက အရေးပါတဲ့ အလေ့အကျင့် ၂ ခုပါ။ ဒီ Activity နှစ်ခုက သွားထဲက အစာတွေကို ဖယ်ထုတ်ပေးနိုင်ပါတယ်။ ပုံမှန်မလုပ်ပေးရင် အစာတွေ စုလာကာ ခံတွင်းနံ့ ထွက်လာတတ်ပါတယ်။ သွားပုံမှန် မတိုက်ရင် သွားပိုးစားတာတွေ ဖြစ်လာပြီး ခံတွင်းနံ့ ပိုဆိုးစေပါတယ်။

၃။ အာခြောက်တာ

အာခြောက်တာက ခံတွင်းထဲက တံတွေး လုံလောက်စွာ မထွက်တဲ့အခါ ဖြစ်တတ်ပါတယ်။ ရလဒ်အနေနဲ့ အစာအကြွင်းအကျန် တွေ ကျန်ခဲ့ကာ ခံတွင်းနံ့ စထွက်လာပါတယ်။ အာခြောက်တာက သောက်ဆေးတွေ၊ ပါးစပ်နဲ့ အသက်ရှူတာ၊ တံတွေး Gland ရောဂါ စတာတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ပါးစပ်ထဲ ရောဂါပိုးဝင်တာ၊ ယောင်ယမ်းတာ ဖြစ်ရင်လည်း ခံတွင်းနံ့ ထွက်နိုင်ပါတယ်။

၄။ Diet လုပ်လိုက်တာ

ရုတ်တရက်ကြီး အစားရှောင်ကာ Diet လုပ်လိုက်တာက ကျန်းမာရေးနဲ့ မညီညွတ်တဲ့အပြင် ခံတွင်းနံ့လည်း ထွက်စေပါတယ်။ သင်စားတဲ့ Diet က Carbohydrate နည်းတာကြောင့် ခန္ဓာကိုယ်က အလုပ်လုပ်ဖို့ရာ လိုအပ်တဲ့ စွမ်းအင်ကို ရဖို့ ပရိုတင်း အားလုံးကို ထုတ်သုံးရပါတော့တယ်။ ဒီမှာတင် Ketone ထွက်လာကာ ခံတွင်းနံ့ ထွက်လာစေပါတယ်။

ဒီတော့ ခံတွင်းနံ့ နံတာကို ဘယ်လိုဖြေရှင်းနိုင်မလဲ ကြည့်လိုက်ရအောင်-

၁။ သင့်ခံတွင်းကို သန့်ရှင်းအောင် လုပ်ကာ တစ်နေ့ သွား ၂ ခါ တိုက်ပေးရပါမယ်။ သွားတိုက်ပြုတ်ကိုလည်း နှစ်လ သုံးလနေ တစ်ခါ လဲပေးသင့်ပါတယ်။

၂။ Mint အစား ပီကယ်ကိုရွေးပါ။ ပီကယ်က တံတွေးပိုထွက်စေတာကြောင့် အက်ဆစ်တွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ သကြားမပါတဲ့ ပီကယ်တော့ ဖြစ်ရပါမယ်။ ဘတ်တီးရီးယားတွေက အချိုကြိုက်တာကြောင့် ဒါနဲ့ ပေါင်းပြီး အက်ဆစ်ဖြစ်သွားနိုင်လို့ပါ။

၃။ ရေများများသောက်ပါ။ အပေါ်မှာ ပြောခဲ့သလိုပဲ အာခြောက်တာ သက်သာဖို့ ရေများများ သောက်သင့်ပါတယ်​။ များများ ဝါးရတဲ့ တံတွေးထွက်ဖို့ ကူညီတဲ့ ပန်းသီးနဲ့ မုန်လာဥနီကိုလည်း စားပေးသင့်ပါတယ်။

၄။ သဘာဝ ကုထုံးတွေနဲ့ ကုသကြည့်ပါ။ လေ့လာချက်တွေအရ ဒိန်ချဉ် ၆ ပတ် ကြာ သောက်တဲ့သူတွေက ခံတွင်းနံ့ ဆိုးတာ သက်သာစေတယ်လို့ သိရပါတယ်။ သင်က ဒိန်ချဉ် မကြိုက်ရင် လိမ္မော်သီးကို စားနိုင်ပါတယ်။ Green Tea ကလည်း ခံတွင်းနံ့ထွက်တာ သက်သာစေပါတယ်။

သင်က ဖော်ပြပါ နည်းလမ်းတွေကို သုံးပေမယ့် မသက်သာရင်တော့ သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ ပြသသင့်ပါတယ်။

Source: Brightside

By MyStyle Myanmar