ခြေထောက်ကြားမှာ ခေါင်းအုံးကိုညှပ်ပြီး အိပ်ပေးမယ်ဆိုရင်တော့ အိပ်စက်တဲ့အချိန်မှာ ကောင်းမွန်စွာနဲ့ အိပ်ပျော်စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း ကောင်းကျိုးတွေ ရလာမှာပါ။

သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်

ခြေထောက်ကြားမှာ ခေါင်းအုံးညှပ်ပြီး အိပ်မယ်ဆိုရင်တော့ ခန္ဓာကိုယ် သွေးလည်ပတ်မှု၊ သွေးစီးဆင်းမှု ပိုကောင်းလာစေပြီး ကိုယ်ခံအားစနစ်လည်း ကောင်းစေပါတယ်။

ဟောက်တာကိုတားဆီးပေးနိုင်ပါတယ်

ခြေထောက်ကြားမှာ ခေါင်းအုံးညှပ်ပြီး အိပ်ပေးခြင်းဖြင့် ဟောက်တာကိုလည်း တားဆီးပေးနိုင်ပါတယ်။ ဟောက်တာက ပတ်လက်အိပ်ရင် ပိုဟောက်ပါတယ်။ ဒါကြောင့် ခြေထောက်ကြားမှာ ခေါင်းအုံးညှပ်အိပ်မယ်ဆိုရင်တော့ ဘေးတစ်စောင်းအိပ်တာဖြစ်တဲ့အတွက် ဟောက်တာ လျော့နည်းသွားစေပါတယ်။ နောက်ကျောနာကျင်ကိုက်ခဲတာလည်း သက်သာစေပါတယ်။

ဒူးဆစ်နာကျင်ကိုက်ခဲတာသက်သာစေပါတယ်

ပုံမှန်ဆိုရင် တော်တော်များများက ဘေးတစ်စောင်းအိပ်ရင် ခြေထောက်ကို ကွေးထားတတ်ပါတယ်။ ခြေထောက်ကြားမှာ ခေါင်းအုံးညှပ်ပြီး အိပ်မယ်ဆိုရင်တော့ ခြေထောက်နှစ်ချောင်းလုံးက ဘေးတစ်စောင်းအနေအထားနဲ့ ဆန့်ထုတ်ထားသလိုဖြစ်နေတဲ့အတွက် ဒူးဆစ်နာကျင်ကိုက်ခဲတာ၊ ခြေထောက် ညောင်းညာကိုက်ခဲတာတွေ သက်သာစေပါတယ်။ ဒါ့အပြင် ခါးနာတာလည်း သက်သာစေပါတယ်။

အနေအထားမှန်စေပါတယ်

အိပ်တဲ့အခါမှာ ခန္ဓာကိုယ်အနေအထားမမှန်ရင် ကိုယ်လက်နာကျင်ကိုက်ခဲတာ၊ ကိုယ်လက်မအီမသာဖြစ်တာမျိုးတွေ ဖြစ်စေပါတယ်။ ဘေးတစ်စောင်းကိုမှ ခြေထောက်ကွေးအိပ်မယ်ဆိုလည်း ခြေထောက်ကြားမှာ ခေါင်းအုံးညှပ်ပြီး အိပ်လိုက်မယ်ဆိုရင်တော့ ဒုတိယပုံမှာ ပြထားတဲ့အတိုင်း ဖြစ်နေမှာမို့ ခါးရိုး၊ တင်ပဆုံနေရာ နာကျင်ကိုက်ခဲတာကို သက်သာစေပါတယ်။

Source: www.brightside.me