Pre-Wedding က အခုဆို လက်ထပ်တော့မယ့် စုံတွဲတိုင်းလိုလို ရိုက်နေကြပါပြီ။ ဒါပေမယ့် တချို့တွေကတော့ မလိုအပ်ဘူးလည်း ထင်တတ်ကြပါသေးတယ် ။ သင်က မကြာခင်လက်ထပ်တော့မယ်သူဆိုရင်တော့ တကယ့်ပွဲကြီးမတိုင်ခင်မှာ Pre-Wedding ရိုက်ဖို့ အကြံပြုချင်ပါတယ်။ ဒီအချက်တွေကတော့ Pre-Wedding ရိုက်ဖို့ စဉ်းစားသင့်တဲ့ အကြောင်းရင်းအချို့ပါ။

ချစ်ဖို့ကောင်းတဲ့ Pre Wedding Pose တချို့လည်း ဝေမျှပေးလိုက်ပါတယ်။

ကင်မရာရှေ့မှာပိုအဆင်ပြေစေတာ


လူတိုင်းက ကင်မရာရှေ့မှာ အမြဲနေနေကြမဟုတ်ပါဘူး။ ဒါကြောင့် Pre-Wedding ရိုက်တာက တကယ့်ပွဲနေ့ကျ ကင်မရာရှေ့မှာ သက်တောင့်သက်သာဖြစ်စေဖို့ အများကြီးကူညီပေးနိုင်ပါတယ်။ ဒါမှ တကယ်အရေးကြီးဆုံးနေ့မှာ သက်တောင့်သက်သာနဲ့ ကင်မရာရှေ့မှာ ပြုံးနိုင်မှာပါ။

ဓာတ်ပုံဆရာနဲ့တိုင်ပင်လို့ရတာ

Pre-Wedding ရိုက်ပြီးလို့ ဓာတ်ပုံဆရာနဲ့ရင်းနှီးသွားရင် ကိုယ်လိုချင်တဲ့ Poses နဲ့ Angles တွေကို ဓာတ်ပုံဆရာနဲ့တိုင်ပင်ဖို့ အခွင့်အရေးရှိတာကြောင့် မင်္ဂလာပွဲနေ့ အရေးကြီးဆုံးအချိန်မှာ စိတ်အေးလက်အေးနဲ့ ယုံကြည်မှုရှိရှိ နေနိုင်ပြီး ကိုယ်လိုချင်တဲ့ဓာတ်ပုံတွေ ရမှာပါ။

နေရာစိတ်ကြိုက်ရွေးလို့ရတာ

မင်္ဂလာပွဲနေ့ရိုက်တာက မင်္ဂလာပွဲကျင်းပတဲ့နေရာထဲမှာဘဲ ရိုက်လို့ရပြီး Pre-Wedding ကတော့ အလှဆုံးရှုခင်းတွေကို နောက်ခံထားပြီး မတူညီတဲ့ဝတ်စုံတွေနဲ့ ရိုက်လို့ရပါတယ်။

ပုံလေးနဲ့ဖိတ်စာလုပ်လို့ရတာ

တကယ်လို့သင်က သူငယ်ချင်း မိတ်ဆွေတွေကိုဖိတ်တဲ့အခါ ဒါမှမဟုတ် ပြန်ကမ်းပေးဖို့စီစဥ်တဲ့အခါမှာ အမှတ်တရဖြစ်အောင် သင်တို့ရဲ့ဓာတ်ပုံကိုထည့်ဖို့ တွေးထားတယ်ဆိုရင် Pre-Wedding ကပုံလှလှလေးတွေကို သုံလို့ရပါတယ်။