မိန်းကလေးအများစု ရည်းစားထားမယ်ဆိုရင် သတ်မှတ်ထားတဲ့ စံနှုန်းက အရပ်ရှည်ရှည်၊ အသားညိုညိုနဲ့ တည်ကြည်ခန့်ညားနေတဲ့ ပုံစံကို စိတ်ကူးယဉ်ကြပါတယ်။ ကိုယ်တွဲနေတဲ့ ချစ်သူကောင်လေးက သိပ်မချောဘူးဆိုရင်တောင်မှ အရပ်ရှည်ရှည်လေးဖြစ်စေချင်ကြပါတယ်။ ဒါပေမဲ့ အရပ်ပုတဲ့ကောင်လေးတွေမှာလည်း သူ့ဆွဲဆောင်မှုနဲ့ သူရှိပြီးသားပါ။

လူတစ်ယောက်နဲ့ တွဲဖို့ဆိုတာ  သူ့ရဲ့အရပ်ရှည်ခြင်း မရှည်ခြင်း၊ ချောခြင်း မချောခြင်းဆိုတာထက် အဓိကကတော့ စိတ်နေစိတ်ထားနဲ့ အကျင့်စာရိတ္တကောင်းဖို့ပါပဲ။ အရပ်ပုတဲ့ ကောင်လေးတွေကို ဘာ့ကြောင့် ချစ်သူကောင်လေးအဖြစ်လက်တွဲသင့်သလဲဆိုတာကိုရော သင်သိပါသလား။ မသိသေးရင် ဆက်လက်ဖတ်ကြည့်ရအောင်နော်။

၁။ အရည်အချင်းကောင်းတွေ ရှိတယ်

Photo Source:www.aol.com

သင့်ကို ချစ်ရေးဆိုထားတဲ့ကောင်လေးက ဟာသဉာဏ်ရွှင်ပြီး သင့်ကို အမြဲတမ်းပျော်ရွှင်အောင် လုပ်ပေးနိုင်တယ်။ သင့်ကို ဂရုစိုက်ပေးနိုင်တယ်။ ပြီးတော့ သင့်ကို မြတ်မြတ်နိုးနိုးနဲ့ ချစ်နေတယ်ဆိုတာကို သိရင်တော့ သူအရပ်ပုတာတစ်ခုတည်းနဲ့ ငြင်းဆိုမယ်ဆိုရင်တော့ သူ့အတွက် ရက်စက်ရာကျတာပေါ့။ အရာရာပြည့်စုံနေတဲ့သူဆိုတာ မရှိပါဘူး။ သင့်စိတ်ကူးထဲက စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတာနဲ့ပဲ သင့်အပေါ်ကောင်းတဲ့သူကို လက်လွတ်ဆုံးရှုံးခံမှာလား။

၂။ မိမိကိုယ်ကို ယုံကြည်ချက်ရှိတဲ့ သူတစ်ယောက်

Photo Source: www.introvertedbadass.com

အရပ်ပုတဲ့ယောကျာ်းလေးတွေက သူတို့ထက်ပိုပုတဲ့မိန်းကလေးတွေ ဒါမှမဟုတ် သူတို့ထက် အရပ်ချင်းညီတဲ့ မိန်းကလေးတွေနဲ့ တွဲချင်ကြပါတယ်။ ဒါပေမဲ့လည်း ချစ်သူစုံတွဲဖြစ်ဖို့ မိန်းကလေးက ယောကျာ်းလေးထက် အရပ်ပိုပုရမယ်လို့ ခံယူချက်ရှိတဲ့ တစ်ယူသန်သမားမဟုတ်တဲ့အတွက် သင်က သူတို့ထက် အရပ်ရှည်နေမယ်ဆိုရင်လည်း သင့်ကိုချစ်ရေးဆိုဖို့ ယုံကြည်ချက်အပြည့်ရှိတဲ့သူတစ်ယောက်ပါ။ သူ့အရည်အချင်းက သူ့အရပ်ပေါ်မှာ မှီတည်နေတာမဟုတ်ဘူးဆိုတာကို ယုံကြည်တဲ့သူတစ်ယောက်ပါ။ ကမ္ဘာကျော် ဆယ်လီစုံတွဲတွေမှာတောင် မိန်းကလေးက ယောကျာ်းလေးထက် အရပ်ပိုရှည်တာတွေ အများကြီးပါ။

၃။ သူ့အချစ်ကို လက်ခံပေးဖို့ အစွမ်းကုန်ကြိုးစားပါလိမ့်မယ်

မိန်းကလေးတွေက အရပ်ရှည်တဲ့ ကောင်လေးတွေကို သဘောကျတယ်ဆိုတာကို သူလည်း မသိဘဲနဲ့တော့ မနေပါဘူး။ ဒါ့ကြောင့် သူ့အချစ်ကို သင်လက်ခံဖို့အတွက် သူအစွမ်းကုန်ကြိုးစားပါလိမ့်မယ်။ သင့်ကို ချဉ်းကပ်နေတဲ့ အခြားအရပ်ရှည်တဲ့ကောင်လေးတွေထက် သင့်ကို ပိုဂရုစိုက်ပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ အချစ်တတ်ဆုံးယောကျာ်းလေးတစ်ယောက်ဖြစ်ဖို့ သူကြိုးစားပါလိမ့်မယ်။ သင့်ကို အခြားသူတွေထက်ပိုပြီး ဂရုစိုက်တယ်ဆိုရင်တော့ တုန့်ဆိုင်းမနေဘဲ အဖြေပြန်ပေးလိုက်ပါတော့။ (အဖြေပေးပြီးမှ ဂရုမစိုက်ရင်တော့ မပြောတတ်ဘူးနော်)

၄။ သူနဲ့တွဲရတာ သက်သောင့်သက်သာဖြစ်လိမ့်မယ်

Photo Source: thoughtcatalog.com

အရပ်ရှည်တဲ့ကောင်လေးနဲ့ တွဲတဲ့အခါ သူ့ကို မော့ကြည့်နေရတာနဲ့တင် သင် ဇက်ကျိုးသွားပါလိမ့်မယ်။ ဒေါက်ဖိနပ်မကြိုက်တဲ့ကောင်မလေးတွေကလည်း သူ့အရပ်ကလန်ကလားကြီးကို မှီဖို့ ခြေထောက်အနာခံပြီး ဒေါက်မြင့်စီးနေစရာမလိုပါဘူး။ ဒါပေမဲ့ အရပ်ပုတဲ့ကောင်လေးနဲ့ အနမ်းပန်းခြွေတဲ့အခါ မမှီမကမ်းနဲ့ ခြေဖျားထောက်နေစရာမလိုတော့ပါဘူး။ ဘယ်လောက်တောင်မှ သက်သောင့်သက်သာဖြစ်လိုက်မလဲနော်။