စွန့်ဦးတီထွင်တဲ့ လုပ်ငန်းရှင်ဘဝဆိုတာ လူအများ သိထားတာထက် ပိုပြီးစိန်ခေါ်မှုရှိပြီး ပိုလည်း ရှုပ်ထွေးတဲ့ဘဝမျိုးပါ။ ဒီလို ရှုပ်ထွေးဆန်းပြားတဲ့ လုပ်ငန်းရှင်ဘဝကို အောင်မြင်အောင် ပဲ့ကိုင်သွားနိုင်သူတွေကို လူထူးတွေလို့ ဆိုနိုင်ပါတယ်။

အဲဒီလို လူတွေရဲ့ အောင်မြင်ဖို့အတွက် လက်ကိုင်ထားတဲ့ အောင်မြင်ရေးတရားကလည်း စိတ်ဝင်စားစရာပါ။ ဒီထဲမှာ အခုပြောမယ့် P လေးလုံး အောင်မြင်ရေးစကားလက်ဆောင်လည်း ပါနေပါတယ်။

(၁) Persistence

Photo : DecisionLink

ဇွဲဟာ အောင်မြင်ခြင်းရဲ့ အခြေခံအုတ်မြစ်လို့ လူတိုင်းကြားဖူးနေကြတာပါပဲ။ စွန့်ဦးတီထွင်သူဖြစ်ချင်ရင် အရင်ဆုံး ခံနိုင်ရည် ဇွဲက ပိုလို့တောင် အရေးကြီးပါတယ်။ စွန့်ဦးတီထွင်မှုဆီ သွားရာလမ်းဟာ အခက်အခဲ စိန်ခေါ်မှုတွေနဲ့ တင်းကြမ်း ပြည့်နေတာ ဖြစ်လို့ ကိုယ့်မှာ ခိုင်မာတဲ့ ဇွဲသတ္တိမရှိရင် ဘယ်လိုမှ ဖြတ်သန်းနိုင်မှာ မဟုတ်ပါဘူး။

(၂) Progress

Photo : Health Catalyst

နောက်ထပ် အရေးကြီးတဲ့ P တစ်လုံးက ကိုယ်လုပ်နေတဲ့ အလုပ်က တိုးတက်နေတာ မြင်ရဖို့ပါ။ ကိုယ်သွားချင်တဲ့ ပန်းတိုင်ပေါ်ကို ရှင်းရှင်းလင်းလင်း မြင်နေဖို့ လိုပြီး ဒီပန်းတိုင်ကို နှစ်အလိုက် ၊ လအလိုက်ကနေ နေ့စဉ်အထိ အပိုင်းလိုက် ပြီးမြောက်ရမယ့် ပန်းတိုင်ငယ်တွေ ထားပြီး ရောက်‌အောင် သွားနေဖို့ပါပဲ။

(၃) Pivot

Photo : Essence

တိုးတက်ဖို့ ရည်မှန်းချက်ကို ဗဟိုပြုတဲ့ အပြောင်းအလဲတွေကို ကိုယ့်ရဲ့ အောင်မြင်ရေး နည်းဗျူဟာမှာ ထည့်သုံးရမှာ ဖြစ်ပါတယ်။ စီးပွားရေးကို လိုက်ပြီး နည်းလမ်းပြောင်းလဲမှုတွေကလည်း တစ်ခုနဲ့တစ်ခု တူမှာ မဟုတ်ပါဘူး။ Pivot လုပ်တယ်ဆိုတာ ကိုယ့်ရဲ့ ရှေ့ရေးအနာဂါတ်ပေါ် အမြင်ကို မပြောင်းလဲဘဲ နည်းစနစ်အပြောင်းအလဲတွေ လုပ်တာ ဖြစ်ပါတယ်။

(၄) Profit

Photo : coin-girls.com

စီးပွားရေးတိုင်းအတွက် အမြတ်အစွန်းက အသက်ပါ။ အစောပိုင်းမှာ ဇွဲရှိရှိ တောင့်ခံပြီး တိုးတက်အောင် နည်းလမ်းအပြောင်းအလဲတွေနဲ့ ရှေ့ဆက်ရပါတယ်။ ဒါပြီးရင် အမြတ်ရဖို့ကို အာရုံစိုက်ရမှာပါ။

စွန့်ဦးတီထွင်သူတစ်ယောက်ဟာ စီးပွားရေးလုပ်ငန်းမှာ ကြုံရတဲ့ အတားအဆီးတွေအတွင်းမှာ အကျိုးအမြတ်မရရင်ဆက်ပြီး ရပ်တည်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် စွန့်ဦးတီထွင်သူတို့ အောင်မြင်ဖို့အတွက် ကိုယ့်လုပ်ငန်းကနေ အညွန့်အညောှင့်တွေ မြင်ဖို့ လုပ်ရပါတယ်။