ချွေးနံ့နံတဲ့အခါ ဒီတိုင်းပဲထားရင် သူများဘေးသွားတဲ့အခါ သူများနှာခေါင်းရှုံ့ခံရတာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု ပျောက်ဆုံးစေပါတယ်။ ဒါကြောင့် ဒီလိုမဖြစ်ရလေအောင် ချွေးနံ့နံတဲ့သူတွေက ဒီပစ္စည်း ၄ မျိုးကို ပုံမှန်သုံးပေးသင့်ပါတယ်။ ဒါမှ ချွေးနံ့လည်းမနံတော့သလို ကိုယ့်ကိုယ်ကိုလည်း ပိုပြီး ယုံကြည်မှုရှိလာမှာပါ။

Shower Gel

ရေချိုးဆပ်ပြာကအစ ပြောင်းလဲပစ်လိုက်ပါ။ ဆပ်ပြာတုံးတွေထက် Shower Gel တွေက ပိုပြီးအနံ့ကောင်းပါတယ်။ ဒါကြောင့် အနံ့ကောင်းတဲ့ အနံ့စွဲစေမယ့် Shower Gel ကောင်းကောင်းလေး သုံးပေးပါ။ ရေချိုးပြီးတိုင်းလည်း Fresh ဖြစ်သွားတဲ့ ခံစားမှုမျိုး ရစေပါတယ်။

Deodorant

ချွေးနံ့နံတဲ့သူတွေ မဖြစ်မနေသုံးသင့်တဲ့ အရေးအကြီးဆုံးအရာကတော့ Deodorant ပါပဲ။ Deodorant သုံးတဲ့အခါမှာလည်း ချွေးနံ့သေချာထိန်းနိုင်တာမျိုးကို ရွေးသုံးပေးပါ။ အရည်ထက် အခဲအမျိုးအစားတွေ သုံးတာက ပိုအဆင်ပြေမှာပါ။ အရည်ဆိုရင် အင်္ကျီမှာ ကွက်တာ၊ စိုတာ၊ စွန်းထင်းတာတွေ ဖြစ်စေပါတယ်။ ချွေးနံ့အပြင်းဆုံးနေရာကလည်း ဂျိုင်းဖြစ်တာကြောင့် Deodorant သုံးပြီးတော့ ချွေးနံ့ကို ထိန်းနိုင်ပါတယ်။

ရေမွှေး

အပြင်သွားလာတဲ့အခါမှာ Deodorant တစ်မျိုးထဲသုံးမယ့်အစား ရေမွှေးပါ ထပ်သုံးပေးမယ်ဆိုရင် ချွေးနံ့မနံတော့တဲ့အပြင် ရေမွှေးအနံ့လေးလည်း မွှေးနေမှာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုတိုးစေပါတယ်။

Body Lotion

Body Lotion ကိုလည်း အနံ့ကောင်းကောင်းလေးသုံးပေးမယ်ဆိုရင် ကိုယ်နံ့လိုမျိုး အနံ့လေးစွဲနေစေတဲ့အတွက် ချွေးနံ့နံတာ သက်သာစေတာပေါ့။ အပြင်မသွားပဲ အိမ်မှာပဲနေတဲ့အခါ Deodorant သုံးပြီး Body Lotion အနံ့ကောင်းတာလေး သုံးပေးရင် တော်တော်အဆင်ပြေနေပါပြီ။