အားလုံးပဲ မင်္ဂလာပါ။ အခုနောက်ပိုင်း အမျိုးသမီးအများစု အမွှေးရိတ်တဲ့ကိစ္စကို သိပ်မလုပ်ကြတော့ပါဘူး။ ဒါက လွယ်ကူပေမယ့် ကိုယ့်အတွက် ဆိုးကျိုးအနည်းငယ်ကိုလည်း ဖြစ်ပွားစေပါတယ်။ အမွှေးမရိတ်ဘဲ ထားလိုက်တဲ့အခါ ဘယ်လိုအကျိုးတွေဖြစ်လာမလဲ ကြည့်လိုက်ရအောင်နော်-

၁။ နာကျင်ရတာတွေမရှိတော့ဘူး


ကျွန်မတို့ ခန္ဓာကိုယ်အမွှေးအမျှင်တွေက ကာကွယ်ပေးတဲ့ အလွှာအနေနဲ့ လုပ်ဆောင်ပေးပါတယ်။ အရေပြားထိခိုက်မိတာ၊ ဂျိုင်းအောက်နေရာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အမွှေးရိတ်တဲ့အခါ အသားအရေ ယားယံမှုဖြစ်ပေါ်စေတတ်ပါတယ်။ အဖုသေးသေးလေးတွေလည်း ဖြစ်ပွားစေပါတယ်။

၂။ ပိုးမွှားဝင်ရောက်ခြင်းကနေ ကာကွယ်ပေးနိုင်တယ်


အမွှေးအမျှင်တွေက ခန္ဓာကိုယ်ထဲ ပိုးမွှားဝင်ရောက်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် မိန်းမကိုယ် ယောကျာ်းကိုယ် နေရာတွေပါ။ အမွှေးအမျှင်တွေက ဘတ်တီးရီးယားတွေကို ယူပစ်လိုက်ပြီး ခန္ဓာကိုယ်ထဲ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးလိုက်ပါတယ်။

၃။ အမွှေးကျွတ်နာမဖြစ်တော့ဘူး


အမွှေးရိတ်လိုက်တဲ့အခါ အနီရောင်အဖုလေးတွေ သင်ဖြစ်ဖူးမှာပါ။ ဒါက အမွှေးကျွတ်နာပါ။ အမွှေးကျွတ်နာဆိုတာ ဘတ်တီးရီးယားဝင်ရောက်သွားလို့ ဖြစ်ပေါ်လာတဲ့ အနာပါ။

၄။ သင့်ခန္ဓာကိုယ်အပူချိန် ထိန်းညှိမှုပိုကောင်းမယ်


အမွှေးရိတ်လိုက်တဲ့အခါ သဘာဝ အပူချိန် ထိန်းညှိမှုကို ဆုံးရှုံးသွားပါတယ်။ ကတုံး တုံးဖူးတဲ့သူတွေ ဆံပင်မရှိတော့တဲ့အခါ အေးသွားသလို တစ်မျိုးကြီးခံစားဖူးမှာပါ။ အမွှေးအမျှင်က ခန္ဓာကိုယ်ကို နွေးထွေးစေပါတယ်။ ဒါကြောင့်လည်း ဂျိုင်းအောက်နဲ့ အောက်ပိုင်းနေရာတွေမှာ အမွှေး အထူဆုံးဖြစ်နေတတ်တာပါ။ အမွှေးမရိတ်တဲ့အခါ အပူချိန် ထိန်းချုပ်မှု ပိုကောင်းလာပါတယ်။

သင့်အနေနဲ့ကော အမွှေးအမျှင်တွေကို ဘယ်လိုဖယ်ရှားလေ့ရှိလဲ။ မဖယ်ရှားတာကတော့ သဘာဝအတိုင်း အကောင်းဆုံးပါပဲ။ လိုအပ်တဲ့နေရာတွေတော့ မဖြစ်မနေ ဖယ်ရှားရမှာပါပဲ။

Source: Brightside.me

By MyStyle Myanmar