မင်္ဂလာပါ သူငယ်ချင်းတို့ရေ။ ကျွန်မတို့တွေ အားလုံးရဲ့ ဆံကေသာဟာ နေရောင်ခြည် ထိတွေ့မှု နဲ့ သဘာဝပတ်ဝန်းကျင်က အနံ့အသက်တွေ ကပ်ငြိနိုင်ပြီး အနံ့ဆိုးအလွယ်တကူ ဖြစ်စေပါတယ်။

တစ်နေကုန်လှုပ်ရှားသွားလာပြီး ဖုန်၊ အညစ်အကြေးတွေ၊ လေထုညစ်ညမ်းမှုတွေ၊ အညှော်နံ့တွေကြောင့် သင့်ရဲ့ ဆံကေသာမှာ အနံ့အသက်ဆိုးတွေဖြစ်တာဟာ မိမိကိုယ်ကို ယုံကြည်မှုလျှော့နည်းစေပါတယ်။

ဒါ့ကြောင့် သဘာဝအတိုင်း မွှေးရနံ့ သင်းပျံ့တဲ့ဆံကေသာနဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိစေဖို့ ဘာတွေလုပ်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

၁။ မွှေးရနံ့ သင်းပျံ့စေတဲ့ ခေါင်းလျှော်ရည်သုံးပါ။

သင့်ဆံကေသာကို မွှေးရနံ့ သင်းစေဖို့ အဓိကထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်သုံးပေးပါ။ တစ်နေကုန်မွှေးရနံ့သင်းပျံ့နေစေမယ့် ဆန်းစစ်ပန်းရောင်လို ခေါင်းလျှော်ရည်မျိုးကို ရွေးချယ်သုံးပေးသင့်ပါတယ်။

၂။ ပျော့ဆေးသုံးပေးပါ။

ခေါင်းလျှော်ပြီးတဲ့အခါတိုင်း ဆံပင်ကိုပျော့ဆေးသုံးပေးသင့်ပါတယ်။ဆန်းစစ်ပန်းရောင်ပျော့ဆေးဟာ သင့်ဆံကေသာကို မွှေးရနံ့သင်းစေရုံသာမက ဆံကေသာကို နူးညံ့ပျော့ပျောင်းစေပြီး ပုံကျလှစေပါတယ်။

၃။ ရေအေးအေးနဲ့ ခေါင်းလျှော်ပါ။

ခေါင်းလျှော်တဲ့အခါမှာ ရေနွေးပူပူနဲ့ မလျှော်သင့်ပါဘူး။ ရေနွေးပူပူဟာ ဆံကေသာကို ကြမ်းတမ်းစေပါတယ်။ ဒါ့ကြောင့် ရေအေးအေးလေးနဲ့ပဲ ခေါင်းလျှော်ပါ။

၄။ အပူချိန် လေထုညစ်ညမ်းမှုကနေ ဆံကေသာကို ကာကွယ်ပါ။

နေရောင်ခြည်ထိတွေ့မှုတွေ၊ အပူဒဏ်တွေကြောင့် ဦးရေပြားအဆီပြန်လာပြီး ဆံကေသာမှာ အနံ့ဆိုးတွေထွက်နိုင်ပါတယ်။ ဒါ့အပြင် လေထုညစ်ညမ်းမှုတွေကြောင့် အနံ့ဆိုးတွေက ဆံကေသာမှာ ကပ်ညှိနိုင်ပါတယ်။ ဒါ့ကြောင့် ဦးထုပ်၊ ထီး၊ ပုဝါ စတာတွေနဲ့ ဆံကေသာကို ကာကွယ်ပါ။