ရေမွှေးဆွတ်တဲ့အချိန် ဘယ်နေရာတွေကို သင်ဆွတ်ဖြစ်လဲ။ ကိုယ်ဆွတ်တဲ့နေရာလွဲနေရင် အသားအရေယားယံတဲ့အထိဖြစ်နိုင်ပါတယ်။ သွေးခုန်တဲ့နေရာပေါ် ရေမွှေးဆွတ်ရမယ်လို့ သင်သိပြီးဖြစ်မှာပါ။ ဒါပေမဲ့ ဒီနေရာတွေအပြင် တခြားရေမွှေးဆွတ်နိုင်မယ့် နေရာအစိတ်အပိုင်းတွေရှိပါသေးတယ်။ ဘယ်နေရာတွေကို မဆွတ်သင့်ဘူးလဲပါ ပြောပြထားတာမို့ ဆက်ကြည့်ပေးပါနော်-
၁။ ဒူးအောက်မှာ
ကိုယ့်ဒူးအောက်မှာ ရေမွှေးဆွတ်တာက အစပိုင်းမှာ နေရခက်ပေမယ့် အနံ့ပိုစွဲစေပါတယ်။ ရေချိုးပြီး လိုးရှင်းလိမ်းပြီးနောက် ရေမွှေးဆွတ်ပေးရင် ပိုထိရောက်မှုရှိပါတယ်။
၂။ ပေါင်အောက်မှာ
ပေါင်အောက်က အပူဓာတ်ကြောင့် ရေမွှေးနံ့က ပိုထွက်လာပါလိမ့်မယ်။ သင်က ပေါင်တိုဝတ်ရင် ပေါင်အောက်မှာရေမွှေးဆွတ်တာက အနံ့ ပိုတက်ပါတယ်။
၃။ ရင်ဘတ်ကြား
သင်က လည်ဟိုက်တွေဝတ်တယ်ဆိုရင် ရင်ဘတ်ကြားဆွတ်ပေးသင့်ပါတယ်။
၄။ ဗိုက်ပေါ်မှာ
Crop ဝတ်တဲ့အချိန်၊ ခါးတိုတွေဝတ်တဲ့အချိန် ဗိုက်ပေါ်မှာ ဆွတ်ပေးတာကလည်း ရေမွှေးနံ့စွဲစေပါတယ်။
ရေမွှေးမဆွတ်သင့်တဲ့နေရာတွေကတော့-
၁။ ဂျိုင်းအောက်
ဂျိုုင်းအောက်က ဂလင်းသေးသေးလေးတွေက ရေမွှေးနဲ့ထိတဲ့အချိန် ယားယံတာတွေ၊ အသားအရေနီမြန်းတာတွေဖြစ်နိုင်ပါတယ်။ ရေမွှေးနံ့လည်း ကြာရှည်မခံပါဘူး။
၂။ Bikini Line နားမှာ
အတွင်းခံဘောင်းဘီဝတ်တဲ့တစ်ဝိုက်မှာ စွတ်တာကလည်း အသားအရေကို ထိခိုက်စေပါတယ်။ အသားအရေခြောက်သွေ့စေပြီးယားယံစေပါတယ်။
၃။ မျက်လုံးနားတစ်ဝိုက်
မျက်နှာနား/ မျက်လုံးနားရေမွှေးဖြန်းတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ မျက်လုံးအောက်အသားအရေက နူးညံ့တာကြောင့် သတိထားပေးပါနော်။
၄။ လက်ပေါ်မှာ
လက်ဖျံပေါ်မှာ ရေမွှေးဆွတ်နိုင်ပေမယ့် လက်ပေါ်မှာတော့ ရေမွှေးမတင်သင့်ပါဘူး။ လက်အသားအရေခြောက်သွေ့စေပြီး သွေးထွက်တဲ့အထိ ဖြစ်နိုင်ပါတယ်။
Source: Brightside.me
By MyStyle Myanmar