တင်ပါးနဲ့ပေါင်အတွင်းသားက အသားအရောင်မညီပဲ ပိုမဲနေတတ်ပါတယ်။ အထိုင်များတဲ့သူတွေ၊ အတွင်းခံအကြပ်ဝတ်တာများတဲ့သူတွေဆို ပိုအဖြစ်များပါတယ်။ ဒါကြောင့် တင်ပါးနဲ့ပေါင်အတွင်းသား မဲတာတွေသက်သာပြီး အသားအရောင်ညီလာစေမယ့် သဘာဝနည်းလမ်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ကိုယ်အဆင်ပြေတာတစ်ခုကို ရွေးလုပ်ရုံပါပဲ။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်က Dead Skin Cells တွေကို ဖယ်ရှားပေးပြီး အသားအရေ Glow စေတယ်၊ အသားအရေ ချောမွေ့စေပါတယ်။ ရှားစောင်းလက်ပတ်ကို အထဲကအသားတွေခြစ်ထုတ်ပြီး ပေါင်အတွင်းသားနဲ့ တင်ပါးမှာ ပွတ်လိမ်းပြီး Massage လုပ်ပေးရမှာပါ။ ခြောက်သွားရင် ရေနဲ့ပြန်သန့်စင်လိုက်ရုံပါပဲ။ နေ့တိုင်းမလုပ်နိုင်ရင်တောင်မှ တစ်ရက်ခြားတစ်ခါလောက် လုပ်ပေးပါ။

အာလူးနဲ့ပျားရည်

အာလူးက Skin Bleaching Properties ရှိပါတယ်။ ပျားရည်ကတော့ အသားအရေကို Moisturizing ဖြစ်စေပြီး အသားအရေချောမွေ့စေပါတယ်။ အားလူးကို အရည်ရအောင်ညှစ်ချပြီး ပျားရည်နဲ့ရောမွှေကာ လိမ်းပေးရမှာပါ။ ပေါင်အတွင်းသားနဲ့ တင်ပါးမှာလိမ်းပေးပြီး ခြောက်သွားရင် ရေအေးနဲ့ သန့်စင်ပေးပါ။ တစ်နေ့ ၂ ကြိမ် (သို့) ၁ ကြိမ် ပုံမှန်လုပ်ပေးရင် မဲတာတွေသက်သာပြီး အသားအရောင်ညီလာမှာပါ။

Apple Cider Vinegar

Apple Cider Vinegar ကို ရေနဲ့ရောပြီး မဲတဲ့နေရာကိုပွတ်ပေးပါ။ ပြီးရင် နည်းနည်းကြာကြာထားပြီး ရေနဲ့ပြန်သန့်စင်ပါ။ ပြီးရင်တော့ Lotion (သို့) Moisturizer လိမ်းပေးပါ။ ဒီနည်းလမ်းကလည်း ပေါင်အတွင်းသားနဲ့ တင်ပါးမဲတာကို သက်သာစေပြီး အသားအရောင်ညီလာစေပါတယ်။ လုပ်ပြီးရင် အသားခြောက်မှာဖြစ်တဲ့အတွက် Lotion (သို့) Moisturizer ကတော့ မဖြစ်မနေ လိမ်းပေးရပါမယ်။

သံလွင်ဆီနဲ့သကြား

သံလွင်ဆီနဲ့သကြားကို ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပြီး Scrub တိုက်သလိုမျိုး ပေါင်အတွင်းသားနေရာနဲ့ တင်ပါးကို Circular Motion ပွတ်ပေးရမှာပါ။ ပြီးရင်တော့ ရေနဲ့ပြန်သန့်စင်ပြီး Lotion ပြန်လိမ်းထားပေးပါ။ ဒီနည်းလမ်းကတော့ တစ်ပတ် ၂ ကြိမ် ပုံမှနလုပ်ပေးရမှာ ဖြစ်ပါတယ်။ အပေါ်ကနည်းလမ်း ၃ ခုထဲက တစ်ခုခုကို ရွေးလုပ်လည်းပဲ ဒီနည်းလမ်းကိုပါ ထပ်လုပ်ပေးမယ်ဆိုရင် ပိုကောင်းပါတယ်။ မဲနေတာတွေ သက်သာပြီးတော့ အသားအရောင်ညီလာမှာပါ။