Blackheads တွေက နှာခေါင်းမှာပေါက်နေရင်တောင်မှ မနေနိုင်လို့ညှစ်ကြတာ ပါးပြင်ပေါ်မှာပေါက်တာဆိုတော့ မဲမဲလေးတွေမြင်နေရရင် ပိုပြီးမနေနိုင်လို့ ညှစ်မိကြတာပေါ့။ ညှစ်တော့လည်း ချွေးပေါက်တွေကျယ်လာတာ၊ ကုတ်ဖဲ့မိတော့ အနာဖြစ်ပြီး အမာရွတ်ကျန်တာနဲ့ သံသရာလည်နေပါလိမ့်မယ်။ ဒါကြောင့် ပါးပြင်ပေါ်မှာပေါက်တဲ့ blackheads တွေကို ဖယ်ရှားပေးမယ့် သဘာဝနည်းလမ်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။

Sugar scrub

သကြားညို (သို့) သကြားဖြူကို ခွက်တစ်ဝက်စာယူပြီး အုန်းဆီ (သို့) သံလွင်ဆီ – စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ ရောမွှေပါ။ ပြီးရင် blackheads ရှိတဲ့နေရာကို မိနစ်အနည်းငယ်ပွတ်ပေးပါ။ ပြီးရင် ရေကြက်သီးနွေးနဲ့ မျက်နှာသစ်ပေးပါ။ တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ပေးရင် blackheads တွေ သက်သာစေပါတယ်။

Tea tree oil

Tea tree oil က antioxidants ကြွယ်ဝပြီး antibacterial effects လည်းပါတာကြောင့် ဝက်ခြံအမျိုးအစား အမျိုးမျိုးကို ကုသတဲ့နေရာမှာ ထိရောက်ပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ လွယ်ပါတယ်။ Tea tree oil ကို ဂွမ်းတံနဲ့တို့ယူပြီး blackheads ရှိတဲ့နေရာကို လိမ်းပေးရုံပါပဲ။ မိနစ် ၂၀ လောက်ထားပြီးရင် ရေကြက်သီးနွေးနဲ့ ပြန်သန့်စင်လိုက်ပါ။

Honey scrub

သကြား – စားပွဲတင်ဇွန်း ၁ ဇွန်းကို သံပယိုရည် နည်းနည်ညှစ်ထည့်ပြီး ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်းကိုလည်း ထည့်မွှေပါ။ ပြီးရင်တော့ မျက်နှာကို ဖြေးဖြေးချင်းစီပွတ်ပြီး scrub လုပ်ပေးပါ။ ပြီးရင်တော့ မျက်နှာသစ်လိုက်ရုံပါပဲ။

ကြက်ဥအကာ

Blackheads အတွက်ဆို ကြက်ဥအကာက အရမ်းကိုထိရောက်မှုရှိပါတယ်။ ကြက်ဥတစ်လုံးကိုဖောက်ပြီး အနှစ်ဖယ်ထုတ်ပါ။ အကာအရည်ကိုပဲခလောက်ပြီး ခြောက်သွေ့နေတဲ့ မျက်နှာပေါ်လိမ်းပေးပါ။ ပြီးရင် tissue အုပ်ပြီးကပ်လိုက်ပါ။ အချိန်ကြာကြာထားပြီး ခြောက်သွားမှ tissue တွေကို ခွာချပြီး မျက်နှာသစ်လိုက်ရင် ရပါပြီ။