မျက်နှာပေါ်က ဝက်ခြံအမာရွတ်နဲ့အမဲစက်တွေ သက်သာပျောက်ကင်းစေဖို့အတွက် ကူညီပေးမယ့် သဘာဝနည်းလမ်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာ အလွယ်တကူလုပ်လို့ရတဲ့ နည်းလမ်းတွေဖြစ်ပြီးတော့ ကိုယ်အဆင်ပြေရာတစ်မျိုးကို ရွေးချယ်လုပ်ရုံပဲဆိုတော့ လူတိုင်းလုပ်ရတာ အဆင်ပြေမှာပါ။
သခွားသီးနဲ့သံပယိုရည်
သခွားသီးကို ကြိတ်ပြီး အရည်ရအောင်လုပ်ပါ။ ရလာတဲ့ သခွားသီးအရည်ကိုမှ သံပယိုရည်နဲ့ ဆတူရောနေမွှေပြီး မျက်နှာမှာ လိမ်းပေးရမှာဖြစ်ပါတယ်။ ၂၅ မိနစ်လောက်လိမ်းထားပြီးရင် မျက်နှာသစ်လိုက်ရုံပါပဲ။ ဒီနည်းလမ်းကို ၂ ရက်ခြားတစ်ခါ ပုံမှန်လုပ်ပေးရင် မျက်နှာပေါ်က ဝက်ခြံအမာရွတ်နဲ့ အမဲစက်တွေ သိသိသာသာ သက်သာပျောက်ကင်းသွားမှာပါ။
ဒိန်ချဉ်နဲ့ကြက်ဥ
ကြက်ဥကို ပန်းကန်လုံးထဲဖောက်ထည့်ပြီး အနှစ်ကိုဖယ်ထုတ်လိုက်ပါ။ အကာပဲချန်ထားပြီး ဒိန်ချဉ်နဲ့ ရောမွှေပါ။ ပြီးရင် မျက်နှာမှာ လိမ်းပေးပါ။၂၅ မိနစ်ထားပြီးမှ မျက်နှာသစ်ပါ။ ဒီနည်းလမ်းကို တစ်ပတ်တစ်ခါ ပုံမှန်လုပ်ပေးရင် အမဲစက်တွေ သိသိသာသာ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။
နနွင်းမှုန့်နဲ့သံပယိုရည်
နနွင်းမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သံပယိုရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေပြီး မျက်နှာမှာလိမ်းပေးပါ။ ၁ နာရီကြာမှ မျက်နှာသစ်ပါ။ ဒီနည်းလမ်းကတော့ မျက်နှာပေါ်က ဝက်ခြံအမာရွတ်နဲ့ အမဲစက်တွေ သက်သာပျောက်ကင်းစေတဲ့အပြင် အသားအရေ Glow လာစေဖို့လည်း ကူညီပေးပါတယ်။
ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်အပင်ရဲ့ အတွင်းသားဂျယ်လ်ကို ခြစ်ယူပြီး မျက်နှာမှာ ပွတ်ပေးရမှာပါ။ ပွတ်ပေးပြီး ခြောက်အောင်ထားပြီးမှ မျက်နှာသစ်ပါ။ ဒီနည်းလမ်းကတော့ အမဲစက်တွေ သက်သာစေပြီး နေလောင်ထားတာတွေပါ သက်သာစေပါတယ်။ ဒီနည်းလမ်းကို ရွေးလုပ်မယ်ဆိုရင် နေ့တိုင်းလုပ်ပေးဖို့တော့ လိုပါတယ်။ ရှားစောင်းလက်ပတ်နဲ့ မတည့်တဲ့သူဆိုရင်တော့ ဒီနည်းလမ်းကိုရှောင်ပြီး အပေါ်ကနည်းလမ်းတစ်ခုခုကို ရွေးချယ်သင့်ပါတယ်။