အသက်အရွယ်ကြောင့်သော်လည်းကောင်း၊ မျိုးရိုးဗီဇအရသော်လည်းကောင်း၊ နေလောင်ဒဏ်ကြောင့်သော်လည်းကောင်း နဖူးပေါ်မှာ အရေးအကြောင်းများ ဖြစ်ပေါ်တတ်ပါတယ်။ အချို့ကလည်း စကားပြောတဲ့အခါ နဖူးကို ပင့်တင်တာမျိုး (သို့) မျက်မှောင်ကြုတ်တတ်သူများအနေနဲ့လည်း ထိုအရေးအကြောင်းကို စောလျင်စွာ ခံစားရတတ်ပါတယ်။

သတင်းကောင်းလေးတစ်ခုကတော့ ထိုနဖူးပေါ်က အရေးအကြောင်းကို ဖယ်ရှားနိုင်တဲ့ နည်းလမ်းကောင်းများ ရှိပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးများက အသားအရေအတွက် အထူးကောင်းမွန်ပါတယ်။ အထူးသဖြင့် နဖူးအတွက် ကောင်းမွန်ပါတယ်။ သူ့မှာ ဗီတာမင်နဲ့ သဘာဝအဆီဓာတ်များ ပါဝင်ပြီး အသားအရေကို ကျန်းမာလှပစေပါတယ်။

ပြုလုပ်နည်းကလည်း လွယ်ကူပါတယ်။ ငှက်ပျောသီးတစ်လုံးကို ခက်ရင်းဖြင့် ချေပြီးနောက် ရရှိလာတဲ့အနှစ်ကို နဖူးပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် သုတ်လိမ်းပြီးသွားတဲ့အခါမှာတော့ ရေနွေးနွေးလေးနဲ့ သစ်ချလိုက်ပါ။ သစ်ပြီးသွားတဲ့အခါ သင့်နဖူးလေးက ချေမွတ်ပြီး ရေဓာတ်ပြည့်ဝနေတာကို ခံစားရပါလိမ့်မယ်။

အချဉ်ဓာတ် ကြွယ်ဝသော အသီးများ

အချဉ်ဓာတ်ကြွယ်ဝတဲ့ အသီးများမှာ ဗီတာမင်အီး၊ ဗီတာမင်စီတို့ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အသားအရေကို ချောမွေ့လှပစေပါတယ်။ အချဉ်ဓာတ် ကြွယ်ဝတဲ့ သစ်သီးများ ဖြစ်ကြတဲ့ သံပုယိုသီး၊ လိမ္မော်သီး၊ Grapefruit သီးများကို နဖူးပေါ်မှာ တိုက်ရိုက်ပွတ်တိုက်ပေးနိုင်သလို လိမ္မော်ရည် စားပွဲတင်ဇွန်း ၄ ဇွန်းကို ဂျုံမှုန့်အနည်းငယ်နှင့် ရောနှောကာ နဖူးကာ သုတ်လိမ်းပေးလိုက်ပါ။

သစ်သီးကို တိုက်ရိုက်အသုံးပြုမယ်ဆိုရင်တော့ ၁၀ မိနစ်အကြာမှာ ရေဆေးပေးရမှာဖြစ်ပြီး ဂျုံမှုန့်ရောတဲ့အခါမှာတော့ မိနစ် ၂၀ ခန့်ကြာမှ ရေနွေးနွေးဖြင့် ရေဆေးပေးရပါမယ်။

သဘာဝအဆီများ

သံလွင်ဆီရော၊ အုန်းဆီရောက အလှအပအတွက် အထောက်အကူပြုတဲ့ သဘာဝဆီများဖြစ်ပြီး အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးတဲ့အပြင် အသားအရေတင်းရင်းအောင်လည်း ကူညီပေးပါတယ်။

ညအိပ်ရာဝင်ခါနီးမှာ အုန်းဆီ (သို့) သံလွင်ဆီကို နဖူးပေါ် သုတ်လိမ်းပေးကာ နှိပ်နယ်ပေးလိုက်ပါ။ ဆီများ နဖူးထဲ စိမ့်ဝင်သွားသည်အထိ နှိပ်နယ်ပေးရပါမယ်။ မနက်နိုးလာမှ မျက်နှာသစ်ပေးလိုက်ပါ။

ကြက်ဥအကာ

ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥအကာ ၁ လုံးကို ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် နဖူးပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်ခန့်ကြာမှ ရေအေးဖြင့် ဆေးကြောလိုက်ပါ။

Source: Brightside.me