ခြေထောက်မှာ အရည်ကြည်ဖုပေါက်တာဟာ နွေရာသီမှာ အဖြစ်များသလို ဖိနပ်က အသစ်ဆိုရင်လည်း ဖြစ်တတ်ပါတယ်။ အရည်ကြည်ဖုပေါက်သွားရင် အသည်းခိုက်မတတ်နာကျင်ရပြီး အရေပြား အထက်ပိုင်းအလွှာမှာ ပွန်းမိတာ၊ ယားယံတာတွေကြောင့် ဖြစ်ပေါ်လာတာပါ။

ခြေထောက်က အရည်ကြည်ဖုတွေကို သဘာဝနည်းလမ်းလေးတွေနဲ့ ဖြေရှင်းနိုင်မဲ့ နည်းလမ်းတွေကို မျှဝေပးသွားမှာဖြစ်ပါတယ်။

ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်ကို အရည်ကြည်ဖုလေးတွေကုသရာမှာ ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ရှားစောင်းလက်ပက်မှာ ရောင်းရမ်းတာတွေကို ခုခံနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ရေဓါတ်လည်း ပေါကြွယ်ဝစွာပါဝင်တာကြောင့် အရမ်းကို အသုံးဝင်ပါတယ်။

ရှားစောင်းလက်ပက်အနစ်ကို အရည်ကြည်ဖုပေါ်လိမ်းပေးပြီး ခြောက်အောင်ထားပါ။ အဲဒီနောက် ရေနွေးနဲ့ဆေးပါ။

Green Tea

Green Tea (လက်ဖက်စိမ်း) နဲ့ Black Tea (အနက်ရောင်အစင်းရှိတဲ့ လက်ဖက်) တို့ဟာ ရောင်းရမ်းမှုကို လျှော့ကျစေတဲ့ဂုဏ်သတ္တိတွေရှိပါတယ်။ Green Tea ကိုအသုံးပြုရင်တော့ ရေနွေးခွက်ထဲမှာ Green Tea တစ်ထုတ်ကို ထည့်ပြီး ၅ မိနစ်လောက်ထားပါ။ အဲဒီနောက် ရေနွေးကို အေးအောင်ထားပါ။ ဝါဂွမ်းစကိုယူပြီး ရေနွေးထဲစိမ်ပေးပါ။ အဲဒီနောက် အရည်ကြည်ဖုပေါ် တင်ပေးကာ မိနစ် ၃၀ လောက်ထားပါ။ တစ်နေ့ကို ၂ ကြိမ် ၃ ကြိမ်ပြုလုပ်ပေးပါ။

ဗီတာမင် E

ဗီတာမင် E ကိုလည်း အရည်ကြည်ဖုတွေအတွက် အသုံးပြုနိုင်ပါတယ်။ ဗီတာမင် E တစ်ထောင့်ကိုယူပြီး အဆီကို အရည်ကြည်ဖုပေါ် လိမ်းပေးပါ။ အဲဒီနောက် မိနစ် ၃၀ လောက်ထားပါ။ အမာရွတ်ဖြစ်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

သွားတိုက်ဆေး

သွားတိုက်ဆေးကို အရည်ကြည်ဖုပေါ် လိမ်းပေးပြီး ၂ နာရီလောက်ထားကာ ရေနွေးနဲ့ ဆေးချပါ။ အဲဒီနောက် ခြေထောက်ပေါ် ခရင်မ် လိမ်းထားပေးပါ။ အရည်ကြည်ဖုမပျောက်အချင်း တစ်နေ့ကို ၁ကြိမ်ကနေ ၂ ကြိမ်ထိ လုပ်ပေးနိုင်ပါတယ်။

Credit: healthnewz