အသားခြောက်တဲ့သူတွေအတွက် အသားအရေစိုပြည်ပြီး ကြည်လာအောင်၊ အသားအရေ ပိုကောင်းလာအောင် သဘာဝနည်းလမ်းတွေဖြစ်တဲ့ အသီးနဲ့ပေါင်းတင်နည်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။
ငှက်ပျောသီး
ငှက်ပျောသီးက အသားအရေအတွက် Hydrating ပေးနိုင်ပြီး အသားခြောက်တာ သိသိသာသာ သက်သာစေပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ ပန်းကန်လုံးထဲကို ငှက်ပျောသီးတစ်လုံးထည့်ပြီး ချေပေးပါ။ ပြီးရင် အုန်းဆီ – လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ရောမွှေလိုက်ပါ။ ပြီးရင်တော့ မျက်နှာမှာလိမ်းပြီး ခြောက်သွားရင် ရေကြက်သီးနွေးနဲ့ မျက်နှာသစ်ပေးလိုက်ရုံပါပဲ။
ထောပတ်သီး
ထောပတ်သီးက အသားအရေအတွက် Moisture ဖြည့်ပေးဖို့ အကောင်းဆုံးအသီးပါပဲ။ အသားခြောက်တဲ့သူတွေအတွက် အသင့်တော်ဆုံးလည်း ဖြစ်ပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ ထောပတ်သီးကို ကျေညက်အောင် ကြိတ်ခြေပြီး ပျစ်ပျစ်လေးဖြစ်သွားရင် မျက်နှာမှာ လိမ်းလိုက်ရုံပါပဲ။ သူက ဘာမှထပ်ရောထည့်နေစရာမလိုပါဘူး။ ၁၀ မိနစ်ထားပြီးရင် ရေကြက်သီးနွေးနဲ့ မျက်နှာပြန်သစ်ပေးပါ။
သလဲသီး
သလဲသီးက အသားအရေကို အစိုဓာတ်ဖြည့်ပေးပြီး Anti-aging အတွက်လည်း ကောင်းပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ Gram Flour – ဇွန်းတစ်ဝက်စာကို သလဲသီး Juice – လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ရောမွှေပြီး မျက်နှာမှာ လိမ်းပေးပါ။ ၁၀ မိနစ်ပဲထားပြီးရင် ရေကြက်သီးနွေးနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။
ပန်းသီး
ပန်းသီးကလည်း အသားအရေပျက်စီးတာတွေ လျော့ကျစေပြီး အသားအရေစိုပြည်စေဖို့ ကူညီပေးမယ့် အသီးပါပဲ။ လုပ်ရမယ့်နည်းလမ်းကတော့ ပန်းသီးကို အခွံခွာပြီး ကြိတ်ပေးပါ။ ပြီးရင် ပျားရည်ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာထည့်ပြီး မွှေပေးပါ။ ပြီးမှ မျက်နှာမှာလိမ်းပြီး ၁၀ မိနစ်ကြာရင် ရေကြက်သီးနွေးနဲ့ပဲ မျက်နှာသစ်ပေးပါ။