အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ စာဖတ်သူတို့ရဲ့ ဘီယာဗိုက်လေးကို အမြန်ဆုံးချပ်စေနိုင်မယ့် အချက် (၄) ချက်ကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

အခြေခံ အကျဆုံးအချက်လေးတွေဖြစ်လို့ ဗိုက်ချပ်ချင်ရင်တော့ မဖြစ်မနေ လိုက်နာပေးဖို့လိုမယ်နော်။

အဆင့်၁။ သင်စားမယ့်အစားအစာကို သေချာစဉ်းစားရပါမယ်

ဒီနေ့ဘာစားမှာလဲ။ ကိုယ့်ရဲ့ တစ်နေ့တစ်နေ့ စားမယ့်အစားအစာမှာ သကြားနဲ့ ကာဗွန်ဟိုက်ဒရိတ် ပါဝင်မှုများတဲ့ အစားအစာကို အတတ်နိုင်ဆုံးလျှော့ချပေးရပါမယ်။ အသီးအရွက်နဲ့ အမျှင်ဓာတ်ပါတဲ့အစားအစာကို များများစားပေးရပါမယ်။

အဆင့်၂။ အဆီပိုတွေကို လျှော့ချပစ်ရပါမယ်

တစ်နေ့ကို မိနစ် ၃၀ လောက်ပြေးတာဟာ သင့်ရဲ့ ခန္ဓာကိုယ်ကို အကောင်းဖက်က ပြောင်းလဲစေမှာသေချာပါတယ်။ တကယ်လို့ မိနစ် ၃၀ ပြေးဖို့ ခက်ခဲရင် လမ်းလျှောက်လိုက် ပြေးလိုက်လုပ်နိုင်ပါတယ်။

ရေကူးနိုင်ပါတယ်။ တစ်ပတ်ကို ရေ ၂ ကြိမ် ၃ ကြိမ်လောက်ကူးပေးပါ။ အနည်းဆုံး မိနစ် ၃၀ လောက်ကူးပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကျစေမှာဖြစ်ပါတယ်နော်။

စက်ဘီးနင်းပါ။ စက်ဘီးနင်းတာဟာ ကိုယ်အလေးချိန်ကျစေသလို သင့်ပေါင်တံတွေ၊ ခြေသလုံးတွေက အဆီတွေလည်း ကျစေမှာဖြစ်ပါတယ်။

အဆင့် ၃။ ဝမ်းဗိုက်ကို အလုပ်ပေးမယ်

လက်တွေ ခြေထောက်တွေက အမြဲတမ်းလုပ်ရှားနေလေ့ရှိပေမယ့် ဝမ်းဗိုက်ကတော့ အစာစားရင် ပူပူလာနိုင်ပါတယ်။ ဝမ်းဗိုက်ကိုအလုပ်ပေးပါ။

ဝမ်းဗိုက်ချပ်ထားတဲ့ အသက်ရှုလေ့ကျင့်ခန်းကိုလုပ်နိုင်ပါတယ်။ အသက်ရှုလိုက်ပြီး ဝမ်းဗိုက်ကို ၁၅ စက္ကန့် စက္ကန့် ၂၀လောက်ချပ်ထားလိုက်ပါ။ ပြီးရင်တော့ အသက်ပြန်ရှုထုတ်လိုက်ပါ။ ၁၀ ကြိမ်လုပ်ပါ။

Plank ထောက်ပေးပါ။ တစ်နေ့ကို စက္ကန့် ၃၀ ၊ ၂ ကြိမ် ၃ ကြိမ်လောက်ထောက်ပေးနိုင်ပါတယ်။

အဆင့် ၄။ ကြွက်သားကိုအလုပ်ပေးမယ်

ဝမ်းဗိုက်က ကြွက်သားတွေကိုအလုပ်ပေးပါမယ်။ တစ်နေ့ကို ၁၀ ကြိမ်လောက် အိပ်ထမတင်လုပ်ပေးတာမျိုးလုပ်နိုင်ပါတယ်။

ခြေထောက်နှစ်ဖက်ကို မတင်ပြီးတော့လည်း လေ့ကျင့်ခန်းလုပ်ပေးနိုင်ပါတယ်နော်။

Source: www.brghtside.com

By: MyStyle Myanmar