ရာသီခွင်အလိုက် တစ်ယောက်နဲ့ တစ်ယောက် စိတ်နေစိတ်ထား ခံယူချက်တွေ ကွဲပြားတတ်ပါတယ်။ ဒီရာသီခွင် (၄) ခုကတော့ သစ္စာရှိတဲ့ ရာသီခွင်တွေပါ။ သူတို့က သူငယ်ချင်းအပေါ် ချစ်သူအပေါ် သစ္စာရှိကြပါတယ်။ ဒီတော့ လက်တွဲဖော်ရှာမယ်ဆိုရင် ဒီရာသီခွင်တွေကို ဦးစားပေးလိုက်တော့နော်-

၁။ Capricorn (December 22 – January 19)


Capricorn တွေက ရည်းစားထားဖို့ စိတ်မဝင်စားသူတွေဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့စိတ်ဝင်စားတာတွေ၊ ဝါသနာတွေ၊ ရည်မှန်းချက်တွေနောက်လိုက်နေရလို့ပါ။ တကယ်လို့ ချစ်မိပြီဆိုရင်တော့ Capricorn တွေက သူတို့အချိန်တွေအားလုံးကို ချစ်သူဆီ အချိန်ပြည့်ပေးတတ်ပါတယ်။ သစ္စာဖောက်ဖို့ထက် စိတ်မပါတော့ရင်တောင် လမ်းခွဲတာပဲ လုပ်တတ်တဲ့ ရာသီခွင်တွေဖြစ်ပါတယ်။

၂။ Cancer (June 21 – July 22)


Cancer တွေက သူတို့ချစ်ရင် ချစ်တဲ့အတိုင်း ထုတ်ဖော်ပြသတတ်ကြပါတယ်။ သူတို့က ဘဝမှာ တကယ်ချစ်တဲ့သူနဲ့တွေ့တဲ့အချိန် သစ္စာဖောက်မယ့် အတွေးမျိုး ဘယ်တော့မှ မတွေးကြတော့ပါဘူး။ ချစ်တဲ့သူရှိနေပြီပဲ ဘာလို့ နောက်တစ်ယောက်အကြောင်းတွေးရမှာလဲ ဆိုတဲ့ အတွေးရှိသူတွေပါ။

၃။ Taurus (April 20 – May 20)


Taurus ရာသီဖွားတွေက သစ္စာဖောက်တာကို သက်သက်ကြီး အချိန်ကုန်စရာ အရာလို့ မြင်သူတွေပါ။ လူတစ်ယောက်ကို ခင်မင်ရင်းနှီးဖို့ အချိန်ယူရတတ်သူတွေဖြစ်ပါတယ်။ သူတို့ဘဝရဲ့ ဖူးစာရှင်ကို သတ်မှတ်လိုက်ပြီဆိုတာနဲ့ ဒီလူအနားက တစ်သက်လုံး ခွဲခွာတော့မှာမဟုတ်ပါဘူး။

၄။ Scorpio (October 23 – November 21)


Scorpio တွေက လူတစ်ယောက်ကို ယုံကြည်ဖို့ အချိန်ယူတတ်ကြပါတယ်။ ချစ်မိတဲ့အချိန်ကျရင်လည်း သစ္စာရှိသူတွေဖြစ်ပါတယ်။

သင်က ဒီရာသီခွင် (၄) ခုထဲ ပါပြီလား။ မပါပေမယ့် သင်က သင့်ချစ်သူကို သစ္စာရှိရှိ ချစ်တတ်တဲ့သူဆိုရင်တော့ ဒီ Post အောက်မှာ Comment ပေးခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar