ချစ်သူရည်စားတွေ ခဏခဏပြဿနာတက်ရတဲ့ အကြောင်းအရင်းတွေက တော်တော်များများတူကြပါတယ်။

ရစ်လို့

အရစ်သန်တဲ့ချစ်သူကိုရထားတဲ့အခါ စစချင်းမှာတော့ သည်းခံကြပေမယ့် ကြာလာရင် တော်တော်များများက စိတ်မရှည်တော့တာမျိုး၊ သည်းမခံနိုင်တော့တာမျိုးတွေ ဖြစ်လာပြီး ခဏခဏရန်ဖြစ်စကားများ၊ ပြဿနာတွေတက်ကြတာပါပဲ။

ချုပ်ချယ်လို့

ချုပ်ချယ်လွန်းရင်လည်း နှစ်ယောက်လုံး စိတ်ညစ်ရပါတယ်။ အချုပ်ချယ်ခံရတဲ့သူကလည်း ကြာလာတော့ မွန်းကြပ်လာပြီး၊ ချုပ်ချယ်နေတဲ့သူကိုယ်တိုင်ကလည်း ငါ့အပေါ်အလေးမထားဘူး၊ မချစ်ဘူးဆိုတဲ့ အတွေးတွေနဲ့ စိတ်တိုဒေါသထွက်ပြီး ပင်ပန်းရပါတယ်။

လိမ်လို့

လိမ်တာဆိုရင် သေးသေးလေးတောင်မှ ပြဿနာတက်ကြတာပါပဲ။ ဘယ်သူမဆို ကိုယ့်ကိုလိမ်တာတော့ လုံးဝမကြိုက်ကြပါဘူး။ ဒါပေမယ့် ချစ်သူရည်းစားတော်တော်များများက ဒီလိမ်တဲ့ကိစ္စကြောင့်ပဲ ပြဿနာတက်ရတာများပါတယ်။

မကြိုက်တာလုပ်မိလို့

တစ်ယောက်မကြိုက်တာကို တစ်ယောက်ကလုပ်မိလို့ ရန်ဖြစ်ကြတာ၊ ပြဿနာတက်ကြတာကတော့ Relationship တိုင်းမှာ အဖြစ်အများဆုံး ပြဿနာပါပဲ။

Photo Source: www.freepik.com