လက်သည်းပုံဖော်ရတာကို ဝါသနာပါတဲ့ မိန်းကလေးတိုင်းအတွက် အိမ်မှာပဲ လွယ်လွယ်ကူကူပုံဖော်နိုင်မယ့် လက်သည်းဒီဇိုင်းလေးမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဆိုင်သွားစရာမလိုပဲ ကိုယ်တိုင်ပုံဖော်လို့ရအောင် ပုံလေးတွေနဲ့ ပြုလုပ်ရမယ့်ပုံစံကို အဆင့်ဆင့်ဖော်ပြပေးထားတာဖြစ်လို့ အလွယ်တကူလိုက်လုပ်တတ်မှာ သေချာပါတယ်။

ပထမလက်သည်းဒီဇိုင်းလေးအတွက် လက်ကိုအရင်ဆုံး အကြည်ရောင်လက်သည်းနီ ဆိုးလိုက်ပါ။ ပြီးရင်တော့ Glitter လက်သည်းနီထဲက အဖတ်လေးတွေကိုယူပြီး လက်သည်းမှာ သေချာလိုက်တင်ပေးရပါမယ်။ နောက်ဆုံးမှာတော့ Top Coat လေးဆိုးလိုက်တာနဲ့ ရိုးရှင်းပြီး လှပတဲ့လက်သည်းဒီဇိုင်းကို ရရှိသွားပါပြီ။

ဒုတိယလက်သည်းဒီဇိုင်းအတွက် လက်သည်းကပ်တဲ့တိတ်အသေးလေးတွေကို ပုံမှာပြထားတဲ့အတိုင်း လက်ညှိုးမှာကပ်ပေးပါ။ ပြီးရင်တော့ လက်သည်းနီအဖြူရောင်ဆိုးပြီး တိတ်တွေကို ဆွဲခွာလိုက်ပါ။

လက်ခလယ်မှာတော့ လက်သည်းနီအနီရောင်ကို ပုံမှာပြထားတဲ့အတိုင်း Brush အသေးနဲ့ အချောင်းလေးတွေဆွဲပေးပါ။ ကျန်တဲ့လက်ချောင်းလေးတွေမှာလည်း သင်ကြိုက်နှစ်သက်ရာအရောင်လေးတွေနဲ့ ဆွဲပေးလိုက်ရုံပါပဲ။ အရောင်မတူရင် ပိုပြီးတော့လှပါတယ်။ နောက်ဆုံးမှာတော့ Top Coat ဆိုးပေးရပါမယ်။ ဒါဆိုရင်တော့ ရိုးရှင်းတဲ့လက်သည်းဒီဇိုင်းလေးကို ရရှိသွားပါပြီ။

တတိယလက်သည်းဒီဇိုင်းအတွက် လက်သည်းနီအနီရောင်ကိုသုံးပြီး အစက်လေးတွေချပေးပါ။ နောက်လက်တစ်ချောင်းမှာတော့ အပြာရောင်လက်သည်းနီနဲ့ အစက်လေးတွေချပေးပါ။ အဖြူရောင်လက်သည်းနီလေးနဲ့လည်း အစက်တွေချပေးပါ။ အားလုံးပြီးသွားရင်တော့ အပေါ်ကနေ Top Coat ထပ်ဆိုးလိုက်ရုံပါပဲ။ ကိုယ်ကြိုက်နှစ်သက်ရာအရောင်လေးတွေကို ဆိုးပေးလို့ရပါတယ်။ ဒါဆိုရင်တော့ ချစ်စရာကောင်းတဲ့ လက်သည်းဒီဇိုင်းလေးကို ရရှိသွားပါပြီ။

နောက်ဆုံးလက်သည်းဒီဇိုင်းလေးအတွက်တော့ ပုံမှာပြထားတဲ့အတိုင်း လက်သည်းနီ အပြာ၊ အနီ၊ အဖြူရောင်နဲ့ ငွေရောင်လေးတွေကို တစ်ချောင်းချင်းစီလိုက်ဆိုးပေးပါ။ လက်သည်းနီအပြာနဲ့ အနီရောင်ဆိုးထားတဲ့လက်မှာ ငွေရောင်ကို တစ်ခြမ်းစီထပ်ဆိုးပေးပါ။ ငွေရောင်လက်သည်းနီဆိုးထားတဲ့လက်မှာတော့ အနီရောင်ကို တစ်ခြမ်းထပ်ဆိုးလိုက်ပါ။ အဖြူရောင်ဆိုးထားတဲ့လက်မှာတော့ အပြာရောင်လေးကို တစ်ခြမ်းဆိုးပေးလိုက်ရုံပါပဲ။ နောက်ဆုံးမှာတော့ Top Coat ထပ်ဆိုးပေးပါ။ ဒါဆိုရင်တော့ ဖက်ရှင်ကျတဲ့ လက်သည်းဒီဇိုင်းကို ရရှိသွားပါပြီ။

Photo Source: www.jauntyjuli.com