ဖုန်းသုံးတဲ့အခါမှာ တော်တော်များများပြုလုပ်လေ့ရှိတဲ့အရာတချို့က ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ဒီအရာတွေကို သင်ကိုယ်တိုင်လည်း ပြုလုပ်မိနေမှာပါပဲ။ ဒါတွေကို ပြင်ဆင်လို့ရအောင် ဖုန်းသုံးတဲ့အခါမှာ ကျန်းမာရေးကိုထိခိုက်စေအောင် သင်ကိုယ်တိုင်ပြုလုပ်မိနေတဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။

အိပ်တဲ့အခါမှာ ဖုန်းကို ခေါင်းအုံးပေါ်တင်အိပ်တာ၊ ခေါင်းအုံးဘေးထားအိပ်တာ၊ ကိုယ့်ဘေးနားမှာ အနီးကပ်ထားတာတွေက ကျန်းမာရေးကိုထိခိုက်စေပါတယ်။ ဖုန်းကထွက်တဲ့ ရေဒီယိုလှိုင်းတွေက ဦးနှောက်ကို ထိခိုက်စေတယ်။ ဖုန်း Notification တွေတက်ရင်လည်း အိပ်ရေးပျက်စေပါတယ်။

အိပ်နေရင်းနဲ့ ဖုန်းကိုအမှောင်ထဲမှာ အနီးကပ်ကြည့်တာ၊ အကြာကြီးသုံးတာက မျက်စိကိုအရမ်းထိခိုက်စေပါတယ်။ အိပ်ရေးလည်းပျက်ပါတယ်။ တော်ရုံနဲ့အိပ်မပျော်ပါဘူး။

ဖုန်းကိုလက်ထဲအမြဲကိုင်ထားတာမျိုးမလုပ်ပါနဲ့။ အပြင်သွားရင် အိတ်ထဲထည့်တာမျိုးလုပ်ပါ။ လက်ကနေအမြဲကိုင်ထားတာက Skin ကို ထိခိုက်စေပါတယ်။

ဖုန်းကိုကြည့်ရင် အရမ်းအနီးကပ်မကြည့်ပါနဲ့။ မျက်စိနဲ့နည်းနည်းဝေးရာက ကြည့်ပါ။ မျက်စိရှေ့တည့်တည့်မှာထားကြည့်ပါ။ အရမ်းငုံ့ကြည့်တာမျိုး မလုပ်ပါနဲ့။ ဖုန်းကို အချိန်အကြာကြီး ငုံ့ကြည့်ပြီး သုံးတာက ဇာတ်ကြောအရမ်းတက်စေပါတယ်။

Source: www.brightside.me