အလုပ်နဲ့ပတ်သက်ရင် စိတ်ဖိစီးမှုများလေ အလုပ်လုပ်ရတာ မပျော်တော့လေပါပဲ။ ဒါကြောင့် အလုပ်နဲ့ပတ်သက်ပြီး စိတ်ဖိစီးမှုတွေလျော့နည်းစေဖို့ အဓိကလုပ်ဆောင်ရမယ့်အချက် ၄ ချက်ကို ပြောပြပေးလိုက်ပါတယ်။

စိတ်ကိုပေါ့ပေါ့ပါးပါးထားပါ

အလုပ်နဲ့ပတ်သက်ပြီး အရမ်းတွေးပူတတ်တဲ့သူ၊ တစ်ခုခုဆို စိတ်မရှည် ဒေါသထွက်တတ်တဲ့သူတွေက ပိုပြီး စိတ်ဖိစီးမှုများပါတယ်။ Stress ပိုပိစေပါတယ်။ ဒါကြောင့် စိတ်ကိုပေါ့ပေါ့ပါးပါးထားပြီး စိတ်အေးအေးထားပြီး ကိုယ်လုပ်ရမယ့်အရာတွေကို သေချာလုပ်သွားပါ။

အချိန်နဲ့လုပ်ပါ

ကိုယ်လုပ်ရမယ့်အရာတွေကို သေချာ Plan ဆွဲပြီး စနစ်တကျ အချိန်နဲ့ အလုပ်လုပ်ပါ။ အဲ့လိုမဟုတ်ပဲ အလုပ်အကြွေးထားရင် လုပ်စရာတွေပုံပြီး Stress ပိုပိလာပါမယ်။ တချို့ဆိုရင် Deadline နီးမှလုပ်တာမျိုးရှိပါတယ်။ ဒီလိုမျိုးတွေက အလုပ်ပုံလာတဲ့အခါ အရမ်းစိတ်ဖိစီးရပါတယ်။ အလုပ်လုပ်နေချိန် ဖုန်းတွေသုံးနေရင်လည်း အလုပ်တွေမပြီးပဲ ဖြစ်ပါလိမ့်မယ်။ စိတ်ဖိစီးမှုတွေ လျော့နည်းချင်ရင် အချိန်နဲ့ စနစ်တကျ သေချာလုပ်ပါ။

အနားယူပါ

အလုပ်ကြီးပဲ ဆက်တိုက်လုပ်နေရင်လည်း စိတ်ဖိစီးပြီး ပင်ပန်းပါတယ်။ ဒါကြောင့် အချိန်နဲ့ သေချာအလုပ်လုပ်ပြီး ၁၀ မိနစ်၊ ၁၅ မိနစ်လောက်နားတာမျိုးတွေ လုပ်ပေးပါ။ အလုပ်နားရက်တွေမှာဆိုလည်း အေးအေးဆေးဆေး အနားယူပြီး စိတ်ပျော်အောင်နေပါ။ ဒါဆိုရင်တော့ အလုပ်နဲ့ပတ်သက်ပြီး စိတ်ဖိစီးမှုက မရှိသလောက် ဖြစ်သွားပါလိမ့်မယ်။

အလုပ်ကလူတွေနဲ့အဆင်ပြေအောင်နေပါ

နောက်ဆုံးအရေးကြီးတဲ့ အချက်ကတော့ အလုပ်ကလူတွေနဲ့ အဆင်ပြေအောင် နေဖို့ပါပဲ။ အလုပ်က အဆင်ပြေနေလည်း အလုပ်ကလူတွေနဲ့ အဆင်မပြေရင် စိတ်ညစ်ရပါတယ်။ စိတ်ဖိစီးရပါတယ်။ ဒါကြောင့် အထက်လူကြီးနဲ့ပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲဖြစ်ဖြစ် အားလုံးနဲ့ အဆင်ပြေအောင်နေပါ။ ဘာကိုမှ စိတ်ထဲမထားပဲ မတွေးပဲ ရေလိုက်ငါးလိုက်သာနေရင် အဆင်ပြေအောင်သွားပါလိမ့်မယ်။