လက်သည်းက ပုံမှန်ထက်ပိုပြီး အရှည်နှေးနေတယ်၊ တော်ရုံနဲ့မရှည်ဘူး၊ ရှည်လာလည်း ခဏလေးနဲ့ကျိုးပဲ့ကုန်တယ်ဆိုရင် ဒီအရာ ၄ ခုထဲက တစ်ခုခုကို လုပ်နေမိလား ပြန်စစ်ကြည့်ပါ။ ဒါတွေက လက်သည်းအရှည်နှေးရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။

လက်သည်းကိုက်ခြင်း

လက်သည်းကိုက်တာက လက်သည်းပျက်စီးစေတယ်ဆိုတာ သိကြပါတယ်။ လက်သည်းကိုက်နေကျသူတွေက သိသိရက်နဲ့ အကျင့်ဖြစ်ကုန်တာပါ။ မကိုက်ရရင်မနေနိုင်ဖြစ်သွားတာပါ။ ဒါကြောင့် လက်သည်းကိုက်တတ်တဲ့အကျင့် ရှိတယ်ဆိုရင် ပျောက်အောင်ကြိုးစားကြည့်ပါ။ လက်သည်းရုပ်ဆိုးစေသလို လက်သည်းလည်း အရှည်နှေးစေပါတယ်။

Base Coat မဆိုးခြင်း

လက်သည်းနီ ခဏခဏဆိုးတဲ့သူတွေဆိုရင် မဖြစ်မနေ Base Coat ခံဆိုးပေးသင့်ပါတယ်။ ခဏခဏဆိုးရင် လက်သည်းပျက်စီးစေပါတယ်။ Base Coat လည်း ခံမဆိုးဘူးဆိုရင်တော့ လက်သည်းပျက်စီးတာက ပိုပြီးဖြစ်စေပါတယ်။ လက်သည်းလည်း အရှည်နှေးလာစေပါတယ်။

လက်သည်းခြစ်ခြင်း

လက်သည်းနီဆိုးပြီးရင် လက်သည်းဖျက်ဆေးနဲ့ သေချာမဖျက်ပဲ ဓားနဲ့လက်သည်းကိုခြစ်တာမျိုးတွေ၊ တံစဉ်းနဲ့ခြစ်တာမျိုးတွေ လုံးဝမလုပ်ရပါဘူး။ လက်သည်းပါးပြီး ပျက်စီးစေပါတယ်။ လက်သည်းကျိုးပဲ့လွယ်ပြီး တော်ရုံနဲ့မရှည်တော့ပါဘူး။

Gel, Acrylics ခဏခဏလုပ်ခြင်း

 

လက်သည်းကို Gel Nail ဆိုးတည Acrylics လုပ်တာတွေက တစ်ခါတစ်လေပဲ ကောင်းပါတယ်။ ခဏခဏလုပ်ရင် လက်သည်းတွေပါးလာပြီး ကျိုးပဲ့လွယ်တာ၊ အရှည်နှေးတာတွေ ဖြစ်စေပါတယ်။ လက်သည်းအားနည်းစေပါတယ်။