Relationship တစ်ခုမှာ လမ်းခွဲလိုက်ရတဲ့ အကြောင်းအရင်းတွေ အများကြီးပါ။ အဲ့ထဲကမှ တစ်ယောက်နဲ့တစ်ယောက် ချစ်နေရက်နဲ့ လမ်းခွဲလိုက်ရတာက အဆိုးဆုံးပါပဲ။ စုံတွဲတော်တော်များများမှာ ချစ်ရက်နဲ့လမ်းခွဲလိုက်တဲ့ အဓိကပြဿနာတွေက ဒီ ၄ ခုကြောင့် ဖြစ်လာတာများပါတယ်။

ယုံကြည်မှုမရှိတဲ့ပြဿနာ

Relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုမရှိရင် ဘယ်လောက်ချစ်ချစ် ရေရှည်မှာ အဆင်မပြေပါဘူး။ ဒီယုံကြည်မှုမရှိတဲ့ ပြဿနာကြောင့်ပဲ လမ်းခွဲလိုက်ရပါလိမ့်မယ်။ ကိုယ့်ချစ်သူ ဘာပြောပြော မယုံကြည်ပဲ ပြဿနာရှာတာ၊ သံသယတွေနဲ့ စွပ်စွဲတာတွေက ကြာလာရင် တစ်ဖက်လူက စိတ်ပျက်သွားနိုင်ပါတယ်။ ချစ်နေပေမယ့်လည်း ဒီလိုဒဏ်တွေကို မခံနိုင်တော့တဲ့အခါ၊ ညှိယူလို့မရတော့တဲ့အဆုံးမှာ လမ်းခွဲလိုက်ရတာမျိုးတွေ ရှိလာပါတယ်။

နားလည်မှုမရှိတဲ့ပြဿနာ

နားလည်မှုမရှိရင်လည်း တစ်ချိန်လုံး ပြဿနာတွေတက်ပြီး အဆင်မပြေပါဘူး။ ယုံကြည်မှုနဲ့ နားလည်မှုက ဒွန်တွဲနေတာပါ။ နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့အချစ်ရေးက ဘယ်သူဖျက်ဖျက် လုံးဝမပျက်ပါဘူး။ တစ်ခုခုဆို နားလည်မှုမရှိပဲ ပြဿနာရှာနေမယ်၊ ကိုယ်ဖြစ်ချင်တာတွေသိပြီး တစ်ဖက်လူအတွက် မကြည့်တာတွေက ကြာလာရင် နားလည်မှုမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လမ်းခွဲခံရနိုင်ပါတယ်။

ကြားလူဝင်တဲ့ပြဿနာ

ကြားလူဝင်တယ်ဆိုတိုင်း ဖောက်ပြန်တာမဟုတ်ပါဘူး။ နှစ်ယောက်ကို ပြတ်စေချင်လို့ အမျိုးမျိုး ကြားဝင်နှောက်ယှက်တာတွေ ရှိလာတဲ့အခါ အပေါ်မှာပြောခဲ့သလို ယုံကြည်မှု၊ နားလည်မှုတွေ မရှိရင် လွယ်လွယ်နဲ့ ပျက်စီးသွားပါလိမ့်မယ်။

ဂရုမစိုက်တဲ့ပြဿနာ

ချစ်သူကိုအလေးမထားတာ၊ ဂရုမစိုက်တာတွေကြောင့် တစ်ဖက်လူက စိတ်ဆိုးပြီး ပြဿနာရှာမယ်၊ ရစ်မယ်၊ စကားများကြမယ်၊ ကြာလာတော့ ဒီပြဿနာတွေကို ဖြေရှင်းနေရတာ ငြီးငွေ့လာပြီး အဆင်မပြေတော့တာ၊ လမ်းခွဲကြတာတွေ ဖြစ်လာတတ်ပါတယ်။ အသေးအမွှားလေးတွေကအစ ချစ်သူကိုအလေးမထားတာတွေ၊ ဂရုမစိုက်ပေးတာတွေဟာ အစပိုင်းမှာတော့ စိတ်ဆိုးစိတ်ကောက်တာလောက်ပဲ ရှိမှာပါ။ ဒါပေမယ့် ကြာလာတဲ့အခါမှာတော့ ကိစ္စသေးသေးလေးကနေ အကြီးကြီးတွေဖြစ်ပြီး အပြီးတိုင် အဆုံးသတ်သွားတတ်ပါတယ်။